သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်

သီပေါ ဇွန် ၁၁

မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက်  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ပညာရေးမှူးရုံးရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကြည်ထွန်းက မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ရှောင်ကျဉ်ရမည့်အချက်များနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်ကျရောက်ပါက မီးသတ်ဆေးဘူးသုံးစွဲပုံ၊ သုံးစွဲနည်းများကို မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်လွင်လွင်မာက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများအား ကျေးဇူးတင်စကားနှင့် ဝန်ထမ်းများအား သိရှိလိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါရုံးရှိ ဝန်ထမ်းများအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသ၍ လက်တွေ့ပြုလုပ်ဆောင်ရွက်ခြင်းများကို လေ့ကျင့်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ  သိရသည်။

မြို့နယ် ပြန်/ဆက်