အမြို့မြို့အနယ်နယ်သတင်းများ

Jun 11,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ၌ဆောင်ရွက်ခဲ့ကြသည်။
Jun 11,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ယခုမိုးစပါး စိုက်ပျိုးကာလအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် ဇွန်လ ၉ ရက်နေ့နံနက် (၁၀) နာရီက သွင်းအားစုဓာတ်မြေဩဇာများပံ့ပိုးပေးအပ်လျက်ရှိကြောင်း သိရသည်။
Jun 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၉)နာရီအချိန်မှ စတင်၍ အသက်(၁၀)နှစ်ပြည့်မှီပြီးသည့် ကျောင်းသား/သူ(၃၅၀)ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်အောင်ထွန်းနှင့် ဝန်ထမ်းများက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် One Stop Service နှင့်  နိုင်ငံသားစိစစ်ရေးကတ်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ပြုလုပ်ပေးသည်။
Jun 11,2026
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကွင်းဆင်းဆေးကုသမှု လုပ်ငန်းအား  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ လားရှိုးပြည်သူ့ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့်အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီထိ ကျောက်မဲမြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
Jun 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ်(၂၆) တောင်သူ ဦးဌေးအောင်၏ လယ်မြေတွင် ယနေ့နံနက်ပိုင်းက မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိူးခြင်း ကွင်းသရုပ်ပြခြင်းနှင့် မျိုးစပါးပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။
Jun 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက ​​အကယ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ လူကုန်ကူးခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းကို သိရှိလိုက်နာတတ်စေရန်ရည်ရွယ်၍ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်သော တာဝန်ရှိသူများမှ မှုခင်းအသိပညာပေးဟောပြောပွဲကို ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့ အ.ထ.က(၄) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 11,2026
သန်လျင်ခရိုင် သန်လျင်မြို့နယ် ဘယက်ကျေးရွာ တောင်သူ ဦးကျော်ဝင်းနိုင်၏ လယ်မြေဧက (၁၀၀)တွင် မိုးစပါးမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ၊ စိုက်ပျိုးရေးဦးစီးဌာနမှထောက်ပံ့သော သဘာဝမြေဩဇာ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ခြင်းနှင့် Export Zone တွင်ပါဝင်သောတောင်သူများအား Rice Exporter မှထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ လယ်မြေယာယီမဏ္ဍပ်၌ ပြုလုပ်သည်။