ရွှေသောင်ယံ ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က စာပေဝါသနာရှင် Book Club အဖွဲ့ဝင်များဖြင့် မောင်ဆန္ဒ (လယ်ဝေး)ရေးသားသော “အညာဆန်စာပေခရီး”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစာအုက်တွင် ဆောင်းပါးအပုဒ် (၃၀) ပါရှိသည့်အနက်မှ မိမိတို့ကြိုက်နှစ်သက်ရာ ဆောင်းပါး (၃) ပုဒ်ကို ရွေးချယ်၍ ဖတ်ရှုဆွေးနွေးကြသည်။
သို့ရာတွင် “ညီညွတ်ရေးနှင့်အသက်ရှည်ရှည်ခင်ခင်မင်မင်” ဆောင်းပါးဖြင့်လည်းကောင်း၊ “စိတ်ဆင်းရဲရသည့်ပြဿနာမခေါ်ဘဲသူရောက်လာ” ဆောင်းပါးဖြင့်လည်းကောင်း၊ “ဆားလင်းကြီးမြို့မှ ထူးခြားသည့်ဝါကျွတ်ပွဲတော်”ဆောင်းပါးဖြင့်လည်းကောင်း အသီးသီး ဖတ်ရှုဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် စာပေဝါသနာရှင်များမှ ဆွေးနွေးသည့်ဆောင်းပါးများအပေါ် ပြန်လည်သုံးသပ်ခြင်းတို့ပြုလုပ်ပြီး ခုလို Book Club စာဖတ်ဝိုင်းများမှ စာပေဗဟုသုတများစွာရရှိသည့်အတွက် မကြာခဏစာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးနိုင်ရန် တိုင်ပင်ညှိနှိုင်းခဲ့ကြသည်။
ကိုကိုမောင်