ဟိုင်းကြီးကျွန်းမြို့၌ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန်အတွက် ကျေးရွာချင်းဆက်လမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်

ဟိုင်းကြီးကျွန်း ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန်အတွက် ကျေးရွာချင်းဆက်လမ်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို မိုးတွင်းကာလမရောက်မီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်း၍ ပြုပြင်ထိန်းသိမ်းလျှက်ရှိသော ကျေးရွာချင်းဆက်လမ်းသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၁.၃၉၄) မိုင်ခန့်ရှိကာ ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်တို့ကို ဆက်သွယ်ပေးထားသော လမ်းမကြီးဖြစ်ပြီး အဆိုပါ လမ်းများကောင်းမွန်သွားပါက ဟိုင်းကြီးကျွန်းမြို့နှင့် အနီးဝန်းကျင်ကျေးရွာများ၏ လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်များအပြင် ပညာရေး၊ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကာ သွားလာရေး လွန်စွာကောင်းမွန်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မျိုးအောင်