အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၂)ဦးအား ကျန်းမာရေးကောင်းမွန်လာပါသဖြင့် ယမန်နေ့က ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
Jul 14,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နံနက် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချရန် ရွှေတောင်မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယနေ့နံနက်ပိုင်းက လိုက်လံအသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။
Jul 14,2021
သာပေါင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ရောဂါ မိမိကစ၍ ကာကွယ်ပါ" ဆောင်ပုဒ်အတိုင်း အားလုံးကိုယ်စီ မဖြစ်မနေလိုက်နာ ဆောင်ရွက်ကြရန် အသိပေး/သတိပေး နှိုးဆော်တိုက်တွန်းချက်များ (၁)အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (mask)ကို စနစ်တကျ တပ်ဆင်ထားပါ၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာအကာ(Face Shield)ကို တွဲဖက်တပ်ဆင်ပါ။
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ရှိ ဘိုးဘွားရိပ်သာအား ယာယီ ကုသရေးစင်တာအဖြစ်ထားရှိပြီး ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရှိရသည်။
Jul 14,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ရွာလွတ်လူမှုကယ်ဆယ်ရေးအဖွဲ့အားသစ်စေတနာသွေးလှူရှင်အသင်းမှ ယမန်နေ့ နေ့မွန်းလွဲအချိန်က ရွာလွတ်ကျေးရွာ၊ ညောင်လန်းကြံခင်းရပ်နှင့် ကွက်သစ်ရပ်တို့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အိမ်ထောင်စုနှင့် ပိုးတွေ့လူနာနှင့် ထိတွေ့ထားသည့် အိမ်ထောင်စုဝင်ရှိ အသွားအလာ ကန့်သတ်ထားသည့် အိမ်ခြေ(၉၆)အိမ်အား စားသောက်ကုန်နှင့်အားဆေးများ သွားရောက်လှူဒါန်း ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
Jul 14,2021
စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်နှင့် မီးရထားရပ်ကွက်အတွင်းရှိ ဆွမ်းကွမ်းအခက်အခဲရှိသည့် ဘုန်းတော်ကြီးကျောင်း(၂၄)ကျောင်းနှင့် သီလရှင်ကျောင်း(၅)ကျောင်းတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား နှင့် ပဲကြဇံများ လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းက စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ဟုမ္မလင်းကျောင်းတိုက် အတွင်း လှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။
Jul 14,2021
ပဲခူးတိုင်းဒေသကြီး ၊ ​ ​ပြည်ခရိုင်၊ ပန်းတောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားလာသဖြင့် ပန်း​တောင်းမြို့နယ်အတွင်းသို့ ကူးစက်ပြန့်ပွားမှု မရှိစေရေး ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပန်း​တောင်း​ ​​ မြို့အဝင် နဝဒေးဂိတ်၊ ဥသျှစ်ပင်ဂိတ်တို့ ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျက် ရှိသည်။