သဲကုန်း ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ရှိ ဘိုးဘွားရိပ်သာအား ယာယီ ကုသရေးစင်တာအဖြစ်ထားရှိပြီး ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ဘိုးဘွားရိပ်သာ ကုသရေးစင်တာတွင် ယမန်နေ့ ညနေအထိ ပိုးတွေ့လူနာ (၁၁)ဦး အားထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပြီးပုတီးကုန်းမြို့ပေါ်ရပ်ကွက်နှင့် အနီးအနားကျေးရွာများမှ အနံ့မရသူ စုစုပေါင်း (၁၀) ဦးကိုလည်း ဘိုးဘွားရိပ်သာ ယာယီစင်တာ တွင် စောင့်ကြည့် ထိမ်းသိမ်းထားပါသည်။
ထို့အပြင် ပိုးတွေ့လူနာများနှင့် ထိစပ်သူ စုစုပေါင်း (၂၂) ဦးအား ပုတီးကုန်းမြို့၊ သင်္ကျမာန်အောင် ဘုရားကြီးအာရုံခံတန်စောင်းအား ယာယီစင်တာအဖြစ် ဆောင်ရွက်ထားရှိပြီး ပုတီးမြို့တွင် ယနေ့အထိရောဂါပိုးတွေ့ရှိသူ(၁၁)ဦး၊ အနံ့ပျောက်သူ (၁၀)ဦး နှင့် ပိုးတွေ့လူနာနှင့် ထိစပ်သူ(၂၂)ဦး စုစုပေါင်း(၄၃)ဦးအား အသွားအလာ ကန့်သတ်စောင့်ကြည့် ထိန်းသိမ်းထား ကြောင်းသိရှိရသည်။
နိုင်လင်း