စစ်ကိုင်း ဇူလိုင် ၁၄
စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်နှင့် မီးရထားရပ်ကွက်အတွင်းရှိ ဆွမ်းကွမ်းအခက်အခဲရှိသည့် ဘုန်းတော်ကြီးကျောင်း(၂၄)ကျောင်းနှင့် သီလရှင်ကျောင်း(၅)ကျောင်းတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား နှင့် ပဲကြဇံများ လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းက စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ဟုမ္မလင်းကျောင်းတိုက် အတွင်း လှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။
လှူဒါန်းပွဲသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က သာသနာရေးဆိုင်ရာ များ လျှောက်ထားရာ ရဟန်းသံဃာတော် များနှင့် သီလရှင်ဆရာကြီးများအား ပစ္စည်းလေးပါး ကြောင့်ကြမှု မရှိစေဘဲ ဂန္ဓဓူရ၊ ဝိပဿနာဓူရ၊ ဓူရနှစ်ပါးကျင့်ကြံပွားများ ကြိုးစားဆောင်ရွက် တော်မူနိုင်ကြစေရန် ရည်သန်၍ လည်းကောင်း၊ ယနေ့ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပွားနေသော မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါသည်မြန်မာနိုင်ငံတွင်လည်း ကူးစက်ပြန့်ပွားနေချိန်တွင် သာသနာ့ဝန်ထမ်း ရဟန်း သံဃာ တော်များမှာ ဆွမ်းကိစ္စရပ်များအတွက် အခက်အခဲများရှိနေတော်မူကြသည်ကို သိရှိရသောကြောင့် လည်းကောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကမကဌပြု လုပ်၍ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပေါင်းစပ်ကာ ဆွမ်းဆန်တော်များ လှူဒါန်း ပေးရခြင်း ဖြစ်ကြောင်း လျှောက်ထားခဲ့သည်။
လှူဒါန်းပေးရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လှူဒါန်းမှု တန်ဘိုး(၂၆)သိန်းကျော်၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ လှူဒါန်းမှု(၁၁)သိန်းကျော်၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းမှု(၃)သိန်းကျော် စုစုပေါင်းလှူဒါန်းမှုတန်ဘိုး(၄၁)သိန်းကျော် လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
ဇော်မြင့်နိုင်