အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2021
လားရှိုးခရိုင်၊ မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မောက်ပင့်ဖစားသောက်ဆိုင်မှ ယမန်နေ့က ကိုဗစ်-၁၉ပိုးတွေ့ လူနာ ၁ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းနှင့် ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရ သူ ၁ ဦးရှိကြောင်း သိရသည်။
Jul 14,2021
ကရင်ပြည်နယ် ၊မြဝတီမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၁)နာရီက မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Jul 14,2021
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအသစ် ၅၀ ဦးတွေ့ ရှိပြီး သေဆုံးသူ ၂ ဦး ရှိကြောင်း သိရသည်။
Jul 14,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ တွင် ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးစား ဆောင်ရွက်လျက်ရှိပြီး ရောဂါကူးစက်မှုမရှိစေရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ ယနေ့ နံနက် ၈ နာရီအချိန်တွင် ဘုရားသုံးဆူမြို့၊ မြို့မစျေးရှေ့တွင် ကိုဗစ် ၁၉ ရောဂါ အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မိုင်းလန်းအုပ်စု ဝမ်ဆိုင်း‌ကျေးရွာ၌ ယမန်နေ့ ညနေ (၆)နာရီ (၃၀)ခွဲခန့် အချိန်က လူနေအိမ်အား မီးဖိုဆောင်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
Jul 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ဇူလိုင် ၁၃ ရက်က အသွားအလာ ကန့်သတ်ထားသူ၊ ဖျားနာ အနံ့မရသူ စုစုပေါင်း ၁၃၅ ဦးအား စစ်ဆေးရာ ၆၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။
Jul 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စု ပါမန်းကျေးရွာရှိ ကျောင်းသား ကျောင်းသူလေးများ ပညာသင်ကြားနိုင်ရေးအတွက် အမက(ပါမန်း)ကျောင်းဆောင်အသစ် တစ်ခု ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Jul 14,2021
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စျေးများ တွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ ညနေပိုင်း ၃ နာရီအချိန်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။