အသွားအလာကန့်သတ်ထားသည့် အိမ်ခြေ(၉၆)အိမ်သို့ စားသောက်ကုန်နှင့်အားဆေးများလှူဒါန်းထောက်ပံ့

ချောင်းဆုံ ဇူလိုင်            ၁၄

 

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ရွာလွတ်လူမှုကယ်ဆယ်ရေးအဖွဲ့အားသစ်စေတနာသွေးလှူရှင်အသင်းမှ ယမန်နေ့ နေ့မွန်းလွဲအချိန်က ရွာလွတ်ကျေးရွာ၊ ညောင်လန်းကြံခင်းရပ်နှင့် ကွက်သစ်ရပ်တို့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အိမ်ထောင်စုနှင့် ပိုးတွေ့လူနာနှင့် ထိတွေ့ထားသည့် အိမ်ထောင်စုဝင်ရှိ အသွားအလာ ကန့်သတ်ထားသည့် အိမ်ခြေ(၉၆)အိမ်အား စားသောက်ကုန်နှင့်အားဆေးများ သွားရောက်လှူဒါန်း ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

 

အဆိုပါအဖွဲ့သည် အသွားအလာကန့်သတ်ထားသည့် နေအိမ်များသို့ ဆန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခေါက်ဆွဲထုပ်၊ ကော်ဖီမစ်၊ ကြက်ဥ၊ မုန့်၊ ဓါတ်ဆား၊ အားဆေး၊ သောက်ရေသန့်စသည်တို့ကို တစ်အိမ်တက်ဆင်း သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း ရွာလွတ်လူမှုကယ်ဆယ်ရေးအဖွဲ့အားသစ်စေတနာသွေးလှူရှင်အသင်း ထံမှသိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)