အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ကံ‌ကော်လမ်းဆုံနှင့် မြို့မ‌ဈေးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မပေါ်ပေါက်စေရေးအတွက် နှာခေါင်းစည်း (Mask)များ (အခမဲ့)ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Jul 14,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကူးစက်မြန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် အိမ်ပြင်ထွက်သူတိုင်း ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်‌စေရန် ရည်ရွယ်၍ အမှတ်(၂၉)ရပ်ကွက် မန္တလေးစျေး (ပျံကျဈေး) တွင် ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်း၌ မြို့နယ်စီမံအုပ်ချုပ်မှုကောင်စီဥက္ကဋ္ဌဦးညီညီအောင်နှင့် ဌာနဆိုင်ရာများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ Mask Campaign နှင့် အသိပညာပေးဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
Jul 14,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ ကိုဗစ်- ၁၉ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကရိုရင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့မနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အောင်သုခရပ်ကွက် ပရဟိတအဖွဲ့မှ ယမန်နေ့ ညနေပိုင်းက ကိုဗစ်- ၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ကိုဗစ်- ၁၉ရောဂါ ကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန် နေ့ မနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြိုတွင် Covid-19 ရောဂါကူးစက်မှု မရှိစေရေးအတွက် သက်ဆိုင်ရာနှင့် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိရာ Covid-19 အတည်ပြုလူနာများထားရှိသည့် ပြည်သူ့ဆေးရုံ၊ ကုတင် (၂၀၀)ဆန့်ပြည်သူ့ဆေးရုံသစ်နှင့် တရုတ်စာသင်ကျောင်း Quarantine Centre တို့တွင် ပိုးတွေ့ အတည်ပြုလူနာဦးရေ စုစုပေါင်း (၅၅၃)ဦး ဆေးကုသမှုခံယူခဲ့ကြပြီး ရောဂါသက်သာ၍ ဆေးရုံ ဆင်းခွင့်ရသူ(၁၅၈)ဦးနှင့် သေဆုံးသူ(၆)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
Jul 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူး ကြီးသက်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်ကြက်ခြေနီဒုတိယတပ်ခွဲမှူးတို့နှင့်အတူ ယနေ့ နံနက်(၁၁)နာရီက ကလောမြို့နယ် အောင်ပန်း ဟိုက်ဒရိုကွင်းမြို့ခန်းမ၌ အောင်ပန်းမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် တွေ့ဆုံခဲ့ကြောင်း သိရသည်။