"ကိုဗစ်-၁၉ရောဂါ မိမိကစ၍ ကာကွယ်ပါ" ဆောင်ပုဒ်အတိုင်း အားလုံးကိုယ်စီ မဖြစ်မနေလိုက်နာ ဆောင်ရွက်ကြရန် အသိပေး/ သတိပေး နှိုးဆော်တိုက်တွန်း

သာပေါင်း ဇူလိုင် ၁၃

သာပေါင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ရောဂါ မိမိကစ၍ ကာကွယ်ပါ" ဆောင်ပုဒ်အတိုင်း အားလုံးကိုယ်စီ မဖြစ်မနေလိုက်နာ ဆောင်ရွက်ကြရန် အသိပေး/သတိပေး နှိုးဆော်တိုက်တွန်းချက်များ (၁)အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (mask)ကို စနစ်တကျ တပ်ဆင်ထားပါ၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာအကာ(Face Shield)ကို တွဲဖက်တပ်ဆင်ပါ။ (၂)တစ်းနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ။ (၃)လူစုလူဝေး ရှောင်ပါ။ (၄)လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ။ (၅)အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်/လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။ (၆)အိမ်ပြင်သို့ ထွက်လေ့ရှိသူများ အနေဖြင့် အိမ်ရှိအသက်(၆၀)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို/ သွေးတိုး/ နှလုံး စသည့် နာတာရှည်ရောဂါ အခံရှိသူများနှင့် အနီးကပ် နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ။ (၇)အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြား နေထိုင်ခြင်း (Quarantine)လုပ်ငန်းစဉ်တွင် အပြည့်အဝ ပူးပေါင်းပါဝင်ပါ။ (၈)ပါးစပ်နှင့်နှာခေါင်းစည်း (mask) မတပ်ဆင်ထားသော စျေးရောင်းသူများထံမှ စျေးမဝယ်ပါနှင့်၊ (၉)တစ်းနှင့်တစ်း အချင်းချင်း အသိပေး သတိပေးပါ၊ (၁၀)ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပါ၊ ကာကွယ် ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ (၁၁)သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်  ထားသော လုပ်ငန်းလမ်းညွှန်များနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်ပါ၊ (၁၂)ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယ လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူပါ၊ (၁၃)အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း(mask)ကို စနစ်တကျ မတပ်ဆင်ခြင်းနှင့် လူစုလူဝေး ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်းတို့ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်း၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က လမ်းဆုံ၊ လမ်းမများကနေ၍ အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော် တိုက်တွန်း လျက်ရှိကြကြောင်း သိရသည်။

သာပေါင်း(ပြန်/ဆက်)