Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၆၄)ဦးထိရှိလာ
Jul 14,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အနံ့မရရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသရာ ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ Test Kit စစ်ဆေးရာ Covid-19 ရောဂါပိုး အတည်ပြုလူနာ (၄)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၇) ဦးထပ်မံတွေ့ရှိ
Jul 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်တွင် ယမန်နေ့က Covid-19 ပိုးတွေ့လူနာသစ်( ၃) ဦးနှင့် ရွာငံမြို့နယ်တွင် အတည်ပြုလူနာသစ် (၁၄)ဦး ထပ်မံတွေ့ရှိခဲ့ပြီး နှစ်မြို့နယ်စုစုပေါင်း (၁၇)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။ ပင်းတယမြို့၌ ကိုဗစ်-၁၉ သံသယလူနာ (၁၀) ဦးအား RDT ဖြစ်စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃)ဦး ထပ်မံတွေ့ရှိခဲ့ပြီး၊ ၎င်းတို့ (၃)ဦးမှာ အင်းငယ်ရွာမှ တစ်အိမ်တည်းနေ မိသားစုဝင်များဖြစ်ကြောင်းနှင့် ပင်းတယမြို့နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၂၄) ဦးရှိပြီဖြစ်ကြောင်းသိရသည်။ ရွာငံမြို့၌ ပိုးတွေ့ လူနာသစ် (၁၄) ထပ်မံတွေ့ရှိခဲ့ပြီး ယနေ့ထိ စုစုပေါင်း အတည်ပြုလူနာ (၈၄)ဦးရှိကြောင်း နှင့် ဆေးရုံဆင်းလူနာ (၃၃) ဦး ရှိကြောင်းသိရသည်။ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ နယ်နှင့် ရွာငံမြို့နယ်တို့တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာယနေ့ထိ စုစုပေါင်း (၁၀၈) ဦး ရှိပြီဖြစ် ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိုင်ကြီးငူအထူးဒေသရှိ နေရပ်စွန့်ခွာပြည်သူများအတွက် GMSAEDC မှ ဆန်အိတ်များလှူဒါန်းခြင်းနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လ…
Jul 14,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာ ပြည်သူများ အတွက် Greater Mekong Subregion Agriculture and Education Development Center (GMSAEDC )မှ ဆန်အိတ်(၁၀၀) ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့မှ ပြန်လာသူများအား မုံးကိုးမြို့အဝင်ကျန်းမာရေးစစ်ဆေးဂိတ်၌ RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၁)ဦးတွေ့ရှိ
Jul 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ မုံးကိုးမြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ အခြားမြို့များမှ လာရောက်သူများအား RDT Test Kit ဖြင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းလေးကန်ရေဝေရေလဲ ဒေသများတွင် ရဟတ်ယာဥ်ဖြင့် သစ်စေ့မြေလုံးကြဲချ စိုက်ပျိုး
Jul 14,2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးရုံးချုပ်(လေ)အစီအစဥ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်အတွင်း သစ်ပင်ပေါက်ရောက်မှုမရှိသည့် အင်းလေး အရှေ့ကြိုးဝိုင်းနှင့် အင်းလေးအနောက်ကြိုးပြင် ကာကွယ်တောအတွင်း သစ်စေ့မြေလုံး (seed Ball)များကို ယနေ့ နံနက်(၉)နာရီခွဲက ဟဲဟိုးမြို့၊ လေယာဥ်ကွင်းမှ ရဟတ်ယာဥ်ဖြင့် ကြဲချပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ နေအိမ်ပြင်ပထွက်သွားလာသူများ (Mask) တပ်ဆင်ခြင်းသွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်
Jul 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ နေအိမ်ပြင်ပထွက်သွားလာသူများ(Mask) တပ်ဆင် သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီက ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်တွင် နှာခေါင်းစည်း တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် Mask အခု ၁၅၀၀ ဖြန့်ဝေ
Jul 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွား စေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသည့် ပြည်သူများ ကို နှာခေါင်းစည်း တပ်ဆင်ရေး အသိပညာ ပေးခြင်းနှင့် mask များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက ပုလောမြို့ ပလာဇာရှေ့တွင် ပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
တာမိုးညဲမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေး ဖျန်းခြင်း ဆောင်ရွက်
Jul 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံ ဒေသခံပြည်သူတစ်ဦး တွေ့ရှိရပါသဖြင့် Facility Quarantine Centre ထားရှိသည့် ကျောင်းဆောင်များနှင့် အများပြည်သူသွားလာသည့် လမ်းများတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းအား ယမန်နေ့ညနေပိုင်းမှစတင်ပြီး တစ်မြို့လုံးကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26119
Page
26120
Page
26121
Page
26122
Current page
26123
Page
26124
Page
26125
Page
26126
Page
26127
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department