အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2021
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ များပြားလာသည့်အတွက် ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့တွင် အမိန့်အမှတ် ၂၈၇/၂၀၂၁ ဖြင့် နေအိမ်တွင်နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင် ကြောင်း သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။
Jul 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့အမှတ်(၂)ရပ်ကွက်နေ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး Covid–19 ပိုးတွေ့လူနာ(နှစ်-ဦး)တို့သည် ခိုလမ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ၌ (၁၁)ရက်ကြာ ဆေးကုသမှုခံယူခဲ့ပြီး ကျန်းမာရေး ကောင်းမွန်လာပြီဖြစ်သဖြင့် ဇူလိုင် ( ၁၄ ) ရက်နေ့ နံနက်ပိုင်း တွင် ဆေးရုံ မှ ဆင်းခွင့်ပြုခဲ့သည်။
Jul 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်၊ နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်နေသည့် အောင်စီဂျင် Air set ဝယ်ယူရန် ဇူလိုင်လ ၁၄ ရက်နေ့တွင် အလှူငွေများ လာရောက်လှူဒါန်းသည်။
Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေ ရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်ဈေးတွင် ယနေ့ နံနက် (၈) နာရီအချိန်က တာဝန်ရှိသူများက နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် အသိပညာပေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများကို ယမန်နေ့က မြို့နယ်ကြက်ခြေနီအသင်းသို့ လာရောက်လှူဒါန်းကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးထံမှ သိရသည်။
Jul 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ကျွန်းလှမြိုနယ်တွင် ဆီထွက်သီးနှံအဖြစ်မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများစိုက်ပျိုးကြပြီး မြေပဲကိုမိုးမြေပဲနှင့်ဆောင်းမြေပဲဟူ၍ ရာသီအလိုက်စိုက်ပျိုး ကြကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊  ကွမ်းခြံကုန်းမြို့နယ်တွင်  ဖွင့်လှစ်ရောင်းချလျက် သော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ အနေဖြင့် ပါဆယ်စနစ်ဖြင့်    ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်( ၇:၀၀)နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းခရိုင်၊ပင်လည်ဘူးမြို့တွင် ယနေ့ နံနက် ၁၀း၀၀ နာရီ အချိန်က ပင်လည်ဘူးမြို့၏ လူစည်ကားရာနေရာဖြစ်သည့် မိုးကောင်းရပ်ကွက် အား/ကာရုံရှေ့ လမ်းဆုံနှင့် မြို့ပေါ်အိမ်​ဆိုင်စျေးရောင်းချသူ များအား ကိုဗစ် - ၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်း Masks များလိုက်လံဝေငှ၍ Mask Campaign ပြုလုပ်ကာ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။