ရွှေတောင် ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချရန် ရွှေတောင်မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယနေ့နံနက်ပိုင်းက လိုက်လံအသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။
ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လဝကဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများက ကိုဗစ်−၁၉ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပေးမှာကြားခဲ့ပြီး ဆိုင်ထိုင်ရောင်းချမှုများတွေ့ရှိ၍ တိုင်ကြားပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ အသိပေးမှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း