အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့တွင် ဇွန် ၂၅ ရက်နေ့မှ ဇူလိုင် ၁၃ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ(၁၁၀၉)ဦး၊ ဆေးရုံတက်ရောက်ကုသနေသူ (၁၀၀၇)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၉၅)ဦးနှင့် သေဆုံးသူ (၇)ဦးရှိကြောင်း သိရသည်။
Jul 14,2021
ရန်ကုန်တိုင်း​ဒေသကြီး​၊​ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ကြက်​​ခြေနီအသင်းခွဲ ကြက်​ခြေနီ သူနာပြုတပ်ဖွဲ့သို့​ စေတနာရှင်ပြည်သူတစ်ဦးက အောက်ဆီဂျင်အိုးများ ဝယ်ယူနိုင်ရန်​အတွက် ငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့ကြောင်း မြို့နယ်ကြက်​​ခြေနီအသင်းခွဲကြက်​ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။
Jul 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကဆောင်ရွက် ခဲ့သည်။
Jul 14,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ငလှိုင်တောကျေးရွာတွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကျော်နှင့်သန်းကုမ္မဏီက ကျေးရွာမီးရရှိရေးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လက စတင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ တွင် လမ်းမီးများစတင်ရရှိမည်ဖြစ်သည့်အတွက် လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ညနေ ၇ နာရီအချိန်က ငလှိုင်းတောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တွဲလက်လူမှုကူညီရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် အလှူရှင်များက အလှူငွေများကို ယနေ့ နံနက်ပိုင်းက အသီးသီးလှူဒါန်းခဲ့ ကြောင်း သိရသည်။
Jul 14,2021
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများနှင့်ထိစပ်သူများ၊ သံသယလူနာများ စုစု‌ပေါင်း(၂၇၈)ဦးအား မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ RDT (Test Kits) ဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသား(၄၂)ဦး၊ အမျိုးသမီး(၁၆)ဦး စုစုပေါင်း(၅၈)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။
Jul 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လွိုင်လင်ခရိုင်၊ ကျေးသီးမြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်စေ ရေး အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီခန့်က မြို့မစည်ပင်သာယာစျေးလမ်းဆုံ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Jul 14,2021
ခရိုင်နှင့်မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ဝင်များသည် မြို့ပေါ် ရပ်ကွက်(၁၂) ရပ်ကွက်တွင် မဖြစ်မနေအပြင်ထွက်သွားလာပါက MASK တပ်ဆင်၍သွားလာခြင်းရှိ/မရှိ၊ အပြင် ထွက်၍စျေးဝယ်ခြင်း အားတစ်အိမ်လျှင်တစ်ဦးသာ သွားလာခွင့်ပြုခြင်း၊ ဆေးရုံဆေးခန်း သွားလာ ပါက နှစ်ဦးသာသွားလာ ခွင့်ပြုခြင်းနှင့် မော်တော်ဆိုင်ကယ်များတွင် လူတစ်ဦးသာ စီးနှင်းသွားလာရန် စသည့် COVID-19 ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။