ကျောက်ကြီး ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ယနေ့န ံနက်ပိုင်းကမြို့ နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမင်းမြတ်ဖုန်းမှ မြို့နယ်အတွင်းရှိ Volunteer ဆောင်ရွက်နေကြသည့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ သုခိတလူမှုကူညီရေးအသင်းအဖွဲ့များအား PPE ဝတ်စုံများကိုထောက်ပံ့ပေးအပ်ခဲ့ သည်။
အဆိုပါပစ္စည်းများသည် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကူညီရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဒေသခံပြည်သူများမှ လာရောက်လှူဒါန်းမှုများကို လက်ခံပြီးမြို့နယ်အတွင်းရှိ သုခိတလူမှုကူညီရေးအသင်းကို PPE ဝတ်စုံဖြူ(၁၀) စုံ PPE ဝတ်စုံပြာ(၅)စုံ PPE Cap (၅)ခု၊ ခြေထောက်ကာဘာ (၁၀)ခု နှာခေါင်း စည်း Mask အခု(၅၀)ပါ(၁)ဖာ ၊ 95 Mask (၂၀)ခု(၁)ဖာ၊ လက်အိပ်(၁)ဖာ ကိုလည်းကောင်း ၊နတ်သံကွင်းဒေသ Facility Quarantine များတွင်တာဝန်ထမ်းဆောင်နေသောကြက်ခြေနီတပ်ဖွဲ့ဝင်များကိုလည်းကောင်း၊ မုန်းဒေသရှိ Facility Quarantine များတွင်တာဝန်ထမ်းဆောင်နေသော ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ ကိုလည်းကောင်း၊ ကသစ်ဝိုင်ကိုဗစ်-၁၉ရောဂါကုသရေးနေရာ များ ၊ သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နေသူများ Facility Quarantine များတွင် Volunteer ဆောင်ရွက်နေသူများအား လှူဒါန်းမှုမှ ရရှိလာ သည့် PPE ဝတ်စုံ များအား ခွဲဝေပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
K ခိုင်