ဘိုကလေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များလှူဒါန်း

ဘိုကလေး ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ကော်မတီသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ယနေ့နံနက် ၁၁ နာရီခန့်တွင် နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များအား လိုအပ်သည့် နေရာများ၌ အသုံးပြု ဆောင်ရွက်နိုင်ရန်အတွက် လှူဒါန်းပေးအပ်ခဲ့သည်။

လှူဒါန်းရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများမှ နှာခေါင်းစည်း(Mask) (၁၅၈၅၇)ခု၊ လက်သန့်ဆေးရည်များ ဖြစ်ကြသည့် Hand Spray(၂၆)ဘူး၊ Hand Gel(၁၄၃)ဘူး တို့အား ပေးအပ်လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင် ဦးကျော်မျိုးထိုက်မှ လက်ခံရယူ ခဲ့ကြောင်း သိရသည်။

ယခုလက်ရှိတွင် ဘိုကလေးမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ(၆၀)ဦးရှိပြီး ၎င်းတိုအား မြို့နယ်ကုတင်(၁၀၀) ပြည်သူ့ဆေးရုံနှင့် ဘိုကလေးတံတားအောက်ရှိ ရှင်းလင်းဆောင်တို့တွင် သီးခြားထားရှိကာ ဆေးဝါးကုသဆောင်ရွက် လျက်ရှိကြောင်းနှင့် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူအချို့ ရှိကြောင်းလည်း သိရသည်။

မိုးစက်(ဘိုကလေး)