ဒိုက်ဦး ဇူလိုင် ၁၄
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့တွင် ယမန်နေ့က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံတွင်ပထမအကြိမ်နှင့် ၊ဒုတိယအကြိမ်PositiveContactအနံ့မရသူ၊ဖျား၊အမောဖောက်၊စုစုပေါင်း(၂၂၁)ဦးတို့အားCovidရောဂါပိုးရှိမရှိစစ်ဆေးရာဒုတိယအကြိမ်PositiveContact(၂၁)ဦးနှင့်ပထမအကြိမ်PositiveContact(၈)ဦး ၊ အနံ့မရသူ(၉)ဦး၊ ဖျား (၂)ဦး၊ အမောဖောက် (၅)ဦး၊ စုစုပေါင်း(၄၅) Positive တွေ့ရှိခဲ့သည်။
ဒိုက်ဦး မြို့နယ်တွင် ဇွန်လ ၂၁ ရက်နေ့မှစတင်၍ Covid လူနာများစတင်တွေ့ရှိခဲ့ပြီးယနေ့အထိ (၅၀၉) ဦးတွေ့ရှိနေပြီး(၁၅)ဦးသေဆုံးခဲ့သည်။ယနေ့Positiveတွေ့ရှိသူ(၄၅) ဦးတို့အား ဖောင်တော်သီတိုက်နယ် ရုံ၊(အ.ထ.ကအိမ်ခြေလေးဆယ်)စာသင်ကျောင်းသို့အရေးပေါ်လူနာတင်ယာဉ်ဖြင့်ပို့ဆောင်သွားမည်ဖြစ်ပါကြောင်းနှင့်၎င်းတို့နှင့်ဆက်စပ်ထိတွေ့သူများအားဆက်လက်စုံစမ်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း သတင်းရရှိသည်။