အမြို့မြို့အနယ်နယ်သတင်းများ

Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ယနေ့ နံနက်ပိုင်းအချိန်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၂၃၄)ဦးရှိပြီဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားလာသောကြောင့် ကြိုတင်ကာကွယ် ရေးလုပ်ငန်းဖြစ်သည့် ပိုးသတ်ဆေးဖျန်း ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေး အသင်းအဖွဲ့များမှ လူငယ်များ ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီအချိန်က စတင်၍ မြို့အတွင်းသို့ ဝင်ရောက်လာသော ကားများ၊ ဆိုင်ကယ် များ၊ ဆိုက္ကားများ၌ စီးနင်းလာကြသူများ အား နှာခေါင်းစည်း တပ်ဆင်သွားလာ ရေးနှင့် စစ်ဆေးရေးဂိတ်တွင် မိမိတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ၏ ထောက်ခံချက်ပါမှသာ မြို့အတွင်း ဝင်ခွင့်ပြု လျက်ရှိသည်။
Jul 16,2021
ချင်းပြည်နယ်၊ ထန်တလန်မြို့၊အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ်ကိုဗစ်-၁၉ရောဂါအ‌ရေးပေါ် တုံ့ပြန်‌ရေး နှင့်ထိန်းချုပ်ရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်း တွင် ကိုဗစ်-၁၉ ရောဂါသံသယရှိသူ(၆၂)ဦးတို့ အား ကိုဗစ်- ၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၁၅)ဦးထံမှ ရောဂါပိုးတွေ့ရှိရ‌ကြောင်း သိရသည်။
Jul 16,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ထပ်တိုးဆောင်ရွက်လျက်ရှိသော ဆင်ရွာကျေးရွာရေရရှိရေးလုပ်ငန်းဆောင်ရွက်မှုများကိုယမန်နေ့နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းကြည့် ရှုစစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ မြို့​တော်ခန်းမအား  ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာများထားရှိ ကုသပေးနိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေးကော်မတီ ဥက္ကဋ္ဌ၏ စီမံမှုဖြင့် ယနေ့ နံနက်ပိုင်းက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 16,2021
ပင်လုံမြို့၊ ရပ်ကွက်(၃)တွင် နေထိုင်သူ ကိုဗစ်အတည်ပြုလူနာဖြစ်သော အသက်(၅၅)နှစ်အရွယ် အမျိုးသား (၁) ဦးသည် ယမန်နေ့ နေ့လယ်ပိုင်းတွင် သေဆုံသွားခဲ့ကြောင်းသိရသည်။
Jul 16,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ပိုင်းက နည်းပညာတက္ကသိုလ်(ဘားအံ)ရှိ ဇွဲသံလွင်ကျောင်းသားဆောင်နှင့် သုံးထပ်စာသင်ဆောင် နှစ်ဆောင်တို့အား Community Covid-19 Positive Centre အဖြစ်ပြင်ဆင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။
Jul 15,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ(ငွေလုံးငွေရင်း) နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်၊ ကော့ကရိတ်မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့်လုပ်ငန်းများမှ ထီးဟူးသံ-အောက်ရွာ-ပလောပဟီး-မိခွမ်း (၄/၀)မိုင်တွင် ကျောက်လမ်း (၄/၀)မိုင် ခင်းခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေ (၄၃၄ ဒသမ ၇၃၀)သန်း ဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ရာတွင် ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်သည်။