ဘားအံ ဇူလိုင် ၁၆
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ပိုင်းက နည်းပညာတက္ကသိုလ်(ဘားအံ)ရှိ ဇွဲသံလွင်ကျောင်းသားဆောင်နှင့် သုံးထပ်စာသင်ဆောင် နှစ်ဆောင်တို့အား Community Covid-19 Positive Centre အဖြစ်ပြင်ဆင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (ဘားအံ) ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ၌ လူဦးရေ ၂၈၀ ဦးခန့်အား အထူးကြပ်မတ်ကုသမှုပေးနိုင် ရေးအတွက် အိပ်ရာ၊ ကုတင်၊ ခြင်ထောင်နှင့်တစ်ကိုယ်ရေသုံးပစ္စည်းများ၊ ရေချိုးခန်းများ၊ သန့်စင်ခန်း များ ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို သွားရောက်ကြည့်ရှု့စစ်ဆေးရာ ဌာနဆိုင်ရာတာဝန်ရှိ သူများက ဆောင်ရွက်ထားမှုများအား လိုက်လံရှင်းလင်းတင်ပြခဲ့ကြ ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နှာခေါင်းစည်း(Mask)များ၊ လက်ဆေးရန်နေရာ(လက်သန့်ဆေးရည်)များ၊ PPE ဝတ်စုံများနှင့် လက်အိတ်များ လုံလောက်မှုရှိစေရေး၊ လုပ်ငန်းများအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင် ရေးအတွက် ကြီးကြပ်ရေးအဖွဲ့၊ ကုသရေးအဖွဲ့နှင့် စေတနာ့ဝန်ထမ်း Volenteer များ ထားရှိ ဆောင်ရွက် ပေးသွားနိုင်ရေးနှင့် လိုအပ်သည် များအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ကုတင်(၅၀)ဆံ့ တိုင်းရင်း ဆေးရုံ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာသို့ သွားရောက်ပြီး အတည်ပြုလူနာများအား ကျန်းမာရေး စောင့်ရှောက်ပေးနေသော စင်တာကုသရေးတာဝန်ခံနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေ ၃ သိန်းကျပ်ကို ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပြည်နယ်ပြည်သူဆေးရုံကြီး (ဘားအံ)သို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကုသရေးတွင် လိုအပ်သော Oxygen ကို အပြည့်အဝရယူ အသုံးပြုနိုင်ရေးအတွက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဝိသာခါဖောင်ဒေးရှင်းတို့ ပူးပေါင်း လှူဒါန်းထားသော ငွေကျပ် သိန်းတစ်ထောင့် ငါးရာခန့်တန်ဖိုးရှိ Oxygen Plant မှ Oxygen ထုတ်ယူ သုံးစွဲနေမှုအခြေအနေများကို သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေ သော ဆေးရုံအုပ်ကြီးဒေါက်တာဘရန်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေ ၅ သိန်းကျပ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း