ဒိုက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒိုက်ဦး ဇူလိုင် ၁၆
 
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီအချိန်က စတင်၍ မြို့အတွင်းသို့ ဝင်ရောက်လာသော ကားများ၊ ဆိုင်ကယ် များ၊ ဆိုက္ကားများ၌ စီးနင်းလာကြသူများ အား နှာခေါင်းစည်း တပ်ဆင်သွားလာ ရေးနှင့် စစ်ဆေးရေးဂိတ်တွင် မိမိတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ၏ ထောက်ခံချက်ပါမှသာ မြို့အတွင်း ဝင်ခွင့်ပြု လျက်ရှိသည်။
 
အဆိုပါ စစ်ဆေးရေးဂိတ်များအား မြို့အဝင် မီးသတ်စခန်းရှေ့၊ မြို့တွင်းနှင့် ဒရယ်မီးတာဆုံတို့၌ ၃ နေရာခွဲ၍ စစ်ဆေးလျက်ရှိပြီး ဂိတ်များ၌ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တပ်မတော်သား များ၊ ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင် များ၊ NGO နှင့် လူမှုရေးအသင်းအဖွဲ့များနှင့် ဖွဲ့စည်းထားသည်။
 
ယခု ဇူလိုင်လ ၁၄ ရက်နေ့အထိ ဒိုက်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ (၅၅၃) ဦးရှိပြီး သေဆုံးသူ (၁၇)ဦး ရှိနေပြီဖြစ်သည့်အတွက် ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သတင်း ရရှိသည်။