အမြို့မြို့အနယ်နယ်သတင်းများ

Jul 16,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း Covid-19 ပိုးတွေ့လူနာ စုစုပေါင်း (၁၅) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာန၏ဇူလိုင်လ(၁၅)ရက်နေ့ည (၇)နာရီထုတ်ပြန်ချက် အရသိရသည်။
Jul 16,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့သည် တရုတ်နိုင်ငံ ဝမ်တိန်မြို့နှင့် နယ်စပ်ခြံစည်းရိုးသာခြားပြီး လူဝင်လူထွက် ကုန်စည်ပို့ဆောင်မှု များပြားလျက်ရှိကြောင်း သိရသည်။
Jul 16,2021
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအပါအဝင် ယာယီဈေးအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ မိဘပြည်သူ များ သိရှိစေရန်နှင့် (Mask) စနစ်တကျ တပ်ဆင်ပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ် နိုင်ရေးအတွက် သိရှိလိုက်နာရမည့် အချက်များအား အသိပေးကြေညာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 16,2021
အသက်ရှူလမ်း‌ကြောင်းဆိုင်ရာ ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ ကိုဗစ်-၁၉ တတိယလှိုင်း အသွင်ဖြစ် ဆက်လက်ဖြစ်ပွားပြန့်နှံ့လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်း ဆိပ်ကြီးမြို့နယ်၌ ကူးစက်ဖြစ်ပွားနေလျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းတွင်ဓာတ်ခွဲ အတည်ပြု ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၇)ဦးထပ်မံတွေ့ရှိခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်း၌ ဇွန်လ(၂၈)ရက်နေ့မှဇူလိုင်(၁၅)ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာမှာယနေ့ နေ့လည်ပိုင်းအချိန်အထိ(၈၃)ဦးအထိရှိလာခဲ့ပြီး သေဆုံးမှုမှာ (၁)ဦးရှိခဲ့ ကြောင်း သိရသည်။
Jul 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ၊ များပြားလာမှုမရှိစေရေးအတွက် ယမန်နေ့ကအသံချဲ့စက်ဖြင့် မြို့နယ်အတွင်းသို့ လှည့်လှည်၍ အသိပေး/သတိပေးသည့်အနေဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jul 16,2021
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ယမန်နေ့ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအသစ် ၇၆ ဦးတွေ့ ရှိပြီး သေဆုံးသူ ၉ ဦး ရှိကြောင်း သိရသည်။
Jul 16,2021
လတ်တလောကာလတွင် ဖြစ်ပေါ်လျက်ရှိသည့် ကူးစက်မြန်ကိုဗစ်-19ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့ မစည်ပင်သာယာဈေးများ တွင် ဈေးရောင်းဈေးဝယ်ပြုလျက်ရှိကြသော အများပြည်သူများ နှာခေါင်းစည်းတပ်ဆင်စေရေး၊ ဈေးရောင်းသူများ မျက်နှာကာ(Face Chield)တပ်ဆင်၍ ရောင်းချသွားနိုင်ကြစေရန် တာဝန်ရှိသူ တို့က ယမန်နေ့နေ့လည်ပိုင်းက အဆိုပါဈေးသူဈေးသားများအား လှည့်လည်အသိပေးကြပ်မတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jul 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ယနေ့ညနေပိုင်း၌ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဌာန၏ သတင်းများ အရသိရှိရသည်။