အမြို့မြို့အနယ်နယ်သတင်းများ

Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ ဖျားနာကုဆေးခန်း၌ ယမန်နေ့တွင် Home Quarantine ဝင်ရောက်နေသူ အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၃)ဦး အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံထားရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးကို ယမန်နေ့ နေ့လယ်က အ.ထ.က သာရဝေါ ကိုဗစ်အတည်ပြု လူနာများအား ကျန်းမာရေး စောင့်ရှောက်မှုထားရှိပေးသော စင်တာတွင် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်းကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုးအတည်ပြု လူနာ(၇)ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့၍ အတည်ပြုလူနာစုစုပေါင်း(၅၃)ဦးထိရှိပြီဖြစ်ကြောင်းသိရသည်။
Jul 16,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း Quarantine Centre များတွင် ထားရှိသည့် နေရာများသို့ ယမန်နေ့က RDT Test Kit ဖြင့် နမ့်ဆန်မြို့နယ်လုံးဆိုင်ရာ တက်ကြွလူငယ် ပရဟိတအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ (၃)ဦး ထပ်မံ တွေ့ရှိခဲ့ပြီး စုစုပေါင်း (၁၃) ဦးထိ ရှိလာကြောင်း သိရသည်။
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ် ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ(၃၆)ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
Jul 16,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ကရုံးကုန်းရပ်ကွက်နေ အသက် (၄၁) နှစ်အရွယ်အမျိုးသမီးနှင့် မန်မိုင်ရပ်ကွက်နေ အသက် (၅၈)နှစ်အရွယ်အမျိုးသားတို့တွင် COVID-19 ရောဂါလက္ခဏာ သံသယတွေ့ရှိရသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် RDT Test Kit ဖြင့် စစ်ဆေးရာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။
Jul 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ     ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့်  လမ်းဘေးစားသောက်ဆိုင်များအား ဆိုင်ထိုင်စားစနစ်မှ   ပါဆယ် စနစ်ဖြင့် ရောင်းချနိုင်ရေးအတွက်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ဇူလိုင်လ(၇)ရက်နေ့မှစတင်ကြေညာထား၍ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်  အရေးပေါ်တုန့်