အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၆ နာရီထိ ပိုးတွေ့လူနာသစ် (၁၀၀) ဦးတွေ့ရှိပြီးတစ်ဦးထပ်မံသေဆုံးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူပေါင်း (၁၆၁၆) ဦးရှိပြီး သေဆုံးသူ (၂၀) ဦးရှိကာ ပိုးတွေ့နှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။ သေဆုံးသူမှာ လုလင်ကျော်ကျေးရွာအုပ်စု၊ မြို့မကျေးရွာနေအသူ(၇၃)နှစ်အရွယ် အမျိုးသားသည် ဇီးဖြူကုန်းတိုက်နယ်ဆေးရုံသို့ တက်ရောက်ကုသရာ swab စစ်ဆေးချက်အရ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ဆေးကုသမှုခံ ယူစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်း ယမန်နေ့က အနံ့ပျောက်လူနာ (၃၀) ဦး အား ကျန်းမာရေးစစ်ဆေးခဲ့ရာ (၁၈) ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။
Jul 15,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး မြို့နယ်အဆင့် ကော်မတီဝင်များက ယနေ့နံနက်ပိုင်းက အုတ်ဖြတ်လမ်းဆုံတွင် လမ်းသွား လမ်းလာသူများအား နှာခေါင်စည်း(Mask) တပ်ဆင်​​ခြင်း ရှိ၊ မရှိ ၊ ပါဆယ်စနစ်ဖြင့် ရောင်းချ​​ခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော အခြေခံပညာ ကျောင်းများမှဆရာဆရာမ ၁၇၅ ဦးအား ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ နေ့လည် ၁၂ နာရီအချိန်အထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း အထူးကြပ်မတ်စီစဉ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 15,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီအဖွဲ့က ဦးဆောင်၍ အေးရိပ်သာကျောင်းတိုက် ဓမ္မာရုံ၌ ယမန်နေ့က အောက်ဆီဂျင်စက်ရုံတည်ဆောက် ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။
Jul 15,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ဆေးရုံအတွင်း အနံပျောက်နှင့် ထိစပ်မှုရှိသူများအား RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းများ ကို ယနေ့နံနက်(၇)နာရီ အချိန်က ဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ရှိသူ(၂၄)ဦး တွေ့ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ထံမှ သိရသည်။
Jul 15,2021
ပြည်ကြီးတံခွန်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့်အဖွဲ့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ လှည့်လည်စစ်ဆေးခြင်းကို ယနေ့ မွန်းလွဲပိုင်း က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။