ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ (၁) ဦးသေဆုံး

ပင်လုံ ဇူလိုင် ၁၆

ပင်လုံမြို့၊ ရပ်ကွက်(၃)တွင် နေထိုင်သူ ကိုဗစ်အတည်ပြုလူနာဖြစ်သော အသက်(၅၅)နှစ်အရွယ် အမျိုးသား (၁) ဦးသည် ယမန်နေ့ နေ့လယ်ပိုင်းတွင် သေဆုံသွားခဲ့ကြောင်းသိရသည်။

အဆိုပါ အသက်(၅၅)နှစ်အရွယ် သေဆုံးသူအမျိုးသားသည် ၈-၇-၂၀၂၁ ရက်နေ့ ညပိုင်းအချိန်က ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သူဖြစ်ပြီး ပင်လုံမြို့ ပြည်သူ့ဆေးရုံကြီး အတွင်းရှိအထူး ကြပ်မတ်ကုသဆောင်တွင် သီးသန့်ထားရှိ၍ ဆေးကုသထားရာမှ ၁၃-၇-၂၀၂၁ရက်နေ့တွင် ဆေးရုံ နေရာအခက်အခဲကြောင့် ၎င်းတို့၏နေအိမ်တွင် ပြောင်းရွှေ့ ရောဂါကုသမှုခံယူနေကြောင်းနှင့် အဆိုပါလူနာသည် ယမန်နေ့ နေ့လယ်ပိုင်းက ပင်လုံမြို့၊ ရပ်ကွက်(၃) နေအိမ်တွင် သေဆုံးကြောင်း၊ သေဆုံးသူ၏ Dead Body အား ပင်လုံမြို့ရှိ ဖြူစင်မေတ္တာနာရေးကူညီမှုအသင်းနှင့် ပင်လုံမြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး အထောက်အကူပြုကော်မတီတို့ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များ နှင့်အညီ ပင်လုံမြို့ သုဿာန်သို့ ပို့ဆောင်သင်္ဂြိုလ်ခဲ့ကြောင်း ပင်လုံမြို့ကျန်းမာရေးဌာနနှင့်ပင်လုံမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအထောက်အကူပြု ကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)