သာစည် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု
ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ထပ်တိုးဆောင်ရွက်လျက်ရှိသော
ဆင်ရွာကျေးရွာရေရရှိရေးလုပ်ငန်းဆောင်ရွက်မှုများကိုယမန်နေ့နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းကြည့်
ရှုစစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။
ကွင်းဆင်ကြည့်ရှုစစ်ဆေးရာတွင် အုတ်တွင်းကျေးရွာအုပ်စု ဆင်ရွာကျေးရွာတွင် ၄ လက္မအကျယ်PVC၊ပေ ၃၀၀ အနက် စက်ရေတွင်း တူးဖော်ခြင်းနှင့်ဂါလံ ၅၀၀၀ ဆံ့အုတ်ရေကန်၊ အကျယ် ၅ လက္မပတ်လည်အမြင့် ၇ လက္မရှိ ရေစက်ရုံ တည်ဆောက်နေမှုများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်စိုးနှင့်ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကျေးရွာ
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ထပ်တိုးဆောင်ရွက်လျက်ရှိသော ကျေးရွာအပါအဝင်
ကျေးရွာ ၁၆ ရွာရှိကြောင်းသိရပြီး ကျေးရွာရေရှိရေးလုပ်ငန်း ၄ ရွာနှင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်း
ခြင်းလုပ်ငန်း ၁၂ ရွာတို့ဖြစ်ကြောင်းသိရသည်။