အမြို့မြို့အနယ်နယ်သတင်းများ

Jul 16,2021
တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများမှ အနံ့မရရှိကြောင်း သတင်းပေးပို့လာ သူများနှင့် ၎င်းတို့နှင့် ထိစပ်သူများအား ယနေ့ နံနက်က RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၅)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။
Jul 16,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် (၁၂၀) ဦး ယမန်နေ့ကထပ်မံတွေ့ရှိခဲ့ကြောင်း မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Jul 16,2021
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်း များ ဆောင်ရွက်ပေးရာတွင် အောက်စီဂျင်အိုး လိုအပ်ချက်များကို အထောက် အကူပြုစေရန် အောက်စီဂျင်အိုးများ ပေးအပ်လှူဒါန်းခြင်း နှင့် Quarantine Center များ၌ တာဝန်ယူဆောင်ရွက်နေကြသည့် လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖ များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 16,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်ကြရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ယု ဦးဆောင်ပြီး ပူးပေါင်းအဖွဲ့များသည် ဇူလိုင်၁၅ မွန်းလွဲပိုင်းက ကော့လှာကျေးရွာ အဝင်/အထွက်လမ်း များ၌ ပြည်သူများ (Stay at Home)ကာလ နေအိမ်ပြင်ပ ဈေးဝယ်သွားလာခွင့်လက်မှတ်ပါရှိမှု ရှိ/မရှိ စစ်ဆေးကြောင်းသိရသည်။
Jul 16,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ( ၂၂၄ ) ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Jul 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စံပြကွက်စိုက် ပျိုးမည့်‌တောင်သူများပေါင်စနစ်ဖြင့် ပျိုးထောင်နည်းစိတ်ပါဝင်စားစွာလုပ်ကိုင်လာကြကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။