ရေတာရှည်မြို့တော်ခန်းမအား ကုသရေးစင်တာအဖြစ် တိုးချဲ့​ဖွင့်လှစ်နိုင်ရန် ပြင်ဆင် ဆောင်ရွက်ထား

ရေတာရှည် ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ မြို့​တော်ခန်းမအား  ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာများထားရှိ ကုသပေးနိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေးကော်မတီ ဥက္ကဋ္ဌ၏ စီမံမှုဖြင့် ယနေ့ နံနက်ပိုင်းက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပြင်ဆင်ဆောင်ရွက်ထားရှိမည့် မြို့တော်ခန်းမ ကုသရေးစင်တာအသစ်၌ ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာ (၄၀) ​ကျော်ခန့် ထားရှိ ကုသနိုင်ရေးအတွက်  မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့က  ပြင်ဆင်​ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

 

ရေတာရှည်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆွာတိုက်နယ် ဆေးရုံ၊ မြို့လှတိုက်နယ်ဆေးရုံနှင့် ရေနီတိုက်နယ်​ဆေးရုံတို့တွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိ​သည့်အပြင် အတည်ပြုလူနာအသစ်များ ထားရှိနိုင်ရေးအတွက် ကုသရေးစင်တာ များ ဆက်လက်ထားရှိနိုင်ရန် လျာထားဆောင်ရွက်ထားကြောင်း မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

 

ထို့ပြင် မြို့နယ်အတွင်း ဇွန် ၂၆ ရက်မှ ဇူလိုင်လ ၁၅ ရက်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၂၉၈) ဦးအထိ ရှိကြောင်း ၊ ကုသရေးစင်တာများ၌ ကုသဆဲ ၂၁၄ ဦး ၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၈၄ ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုန့်ပြန်​ရေးကော်မတီမှ သိရသည်။

 

အေးဆုစံ