ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၅ဦး ထပ်မံတွေ့ရှိ

ထန်တလန် ဇူလိုင် ၁၆
 
ချင်းပြည်နယ်၊ ထန်တလန်မြို့၊အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ်ကိုဗစ်-၁၉ရောဂါအ‌ရေးပေါ် တုံ့ပြန်‌ရေး နှင့်ထိန်းချုပ်ရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်း တွင် ကိုဗစ်-၁၉ ရောဂါသံသယရှိသူ(၆၂)ဦးတို့ အား ကိုဗစ်- ၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၁၅)ဦးထံမှ ရောဂါပိုးတွေ့ရှိရ‌ကြောင်း သိရသည်။
ထန်တလန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ စစ်ဆေးခြင်းကို ဇွန်လ (၁၇)ရက်နေ့မှ ဇူလိုင် ၁၅ရက်နေ့အထိ သံသယရှိသူ(၃၃၈)ဦးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ပိုးတွေ့လူနာ ပေါင်း(၉၁)ဦးရှိသည့်အနက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ(၃၆)ဦးရှိပြီး သေဆုံးသူ(၂)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါအ‌ရေးပေါ်တုံ့ပြန် ရေး နှင့်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)