အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2021
ပဲခူးမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း မဖြစ်ပေါ်စေရေးအတွက် Stay at Home အစီအစဉ်သတ်မှတ်ချက်နှင့်အညီ စိစစ်ကြပ်မတ်ရေး စစ်ဆေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က မြို့တွင်းကားလမ်းများတွင် သွားလာသူများစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိ  ရသည်။
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ များပြားလာသည့် အတွက် လူစုလူဝေးမဖြစ်စေရန် စည်ပင်သာယာစျေးများ အား သတ်မှတ်နေရာအသီးသီးတွင် ပြောင်းရွှေ့ဖွင့်လှစ် ရောင်းချရန်နှင့် နေ့စဉ် နံနက် ၆ နာရီမှ နံနက် ၁၀ နာရီအထိသာ ရောင်းချခွင့် ပြုကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
Jul 15,2021
တနင်္သာရီတိုင်းဒေသကြီး ၊ လောင်းလုံးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ကုသရေး လုပ်ငန်းများကို  အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို  ယနေ့ နံနက် (၁၀)နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့မစျေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် စျေးရောင်း၊ စျေးဝယ်ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်စေရန် စျေးရောင်း၊ စျေးဝယ်ပြည်သူ များအား အပူချိန်တိုင်းတာခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 15,2021
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့မှ တောင်သူဦးကြီးများအား ၂၀၂၁ - ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ ယနေ့ နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
Jul 15,2021
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်းဖြင့် ဝန်ထမ်းများ လုပ်ငန်းခွင့်အတွင်း ကျွမ်းကျင်မှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ ဌာနတွင်းဝန်ထမ်းများ စာဖတ်ရှိန်မြှင့် တင်ရေး စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Jul 15,2021
မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇပြောင်းလဲလာသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားလာသဖြင့် ကူးစက်ခံရသူအရေအတွက် နေ့စဉ်မြင့် တက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့နယ်၊ ထားဝယ်ပြည်သူ့ဆေးရုံကြီး၊ ကုသရေး အဆောင်တွင် ထားဝယ်မြို့နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့က ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ထားရန်အတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။