အမြို့မြို့အနယ်နယ်သတင်းများ

Jul 18,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု၊ ခွေးပြုတ်ကျေးရွာ၊ သပြေကန်တဲတိုက်သို့ ယနေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်မြို့၊ ဝေမျှခြင်းပရဟိတအဖွဲ့က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာ သောက်ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံကသိရသည်။
Jul 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိနိုင်ရေး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်၊ မွမ်းမံဘတ်ဂျက်တို့ဖြင့် ကျေးရွာပေါင်း (၇)ရွာတွင် ရေရရှိရေး လုပ်ငန်း စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါလုပ်ငန်းများ အချိန်မီ ပြီးစီးအောင်မြင်နိုင်ရေးအတွက် ယမန်နေ့က မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Jul 18,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ဇူလိုင် ၁၇ ရက်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ၁၉ ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ  သိရသည်။
Jul 18,2021
            ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရဲအောင်ထွန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက တွေ့ဆုံမေးမြန်းခဲ့သည်။
Jul 18,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မြို့အဝင်ကျန်းမာရေး စစ်ဆေးဂိတ်တွင် ဇူလိုင် (၁၅)ရက်နေ့မှ ဇူလိုင်(၁၇)ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာသစ် (၄)ဦးထပ်မံ စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
Jul 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့အကြောင်း သိကောင်းစရာများ (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 18,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌  ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု များပြား လာခြင်းကြောင့် မြို့အဆင့် ကိုဗစ်၁၉ ရောဂါ ကြိုတင်၊  ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် (၁၆)ရက် မွန်းလွဲ ၃ နာရီခွဲက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
Jul 18,2021
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူအသစ် ၃၇ ဦးတွေ့ရှိပြီး သေဆုံးသူ ၂ ဦး ရှိကြောင်း သိရသည်။