ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၉ ဦး ထပ်မံတွေ့ရှိ  

ရွာငံ  ဇူလိုင်  ၁၈

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ဇူလိုင် ၁၇ ရက်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ၁၉ ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ  သိရသည်။

 

ယနေ့တွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ  အတည်ပြုလူနာများသည် မျှားကလေးကျေးရွာမှ အမျိုးသမီး (၁)ဦး၊ ကျောက်မြောင်းကျေးရွာမှ အမျိုးသား (၆)ဦး၊ အမျိုးသမီး(၂)ဦး၊ လယ်ကိုင်းကျေးရွာမှ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦး ၊မြို့ကြီးကျေးရွာမှ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦး၊ တောင်ခေါင်းပွာကျေးရွာမှ အမျိုးသမီး(၁)ဦး၊ ကျောက္ကူပြင် ကျေးရွာမှ အမျိုးသား(၁)ဦး၊ အန္တဇိနမျက်စိဆေးရုံမှ သံဃာ(၁)ပါး၊  မြို့မရဲစခန်းမှ အကျဥ်းသား အမျိုးသား(၁)ဦး စုစုပေါင်း အတည်ပြုလူနာ ၁၉ ဦး ထပ်မံတွေ့ရှိခဲ့သည်။

 

ရွာငံမြို့နယ်တွင် ဇွန် ၂၂ ရက်မှ ဇူလိုင် ၁၇ရက်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ စုစုပေါင်း ၁၄၉ဦး တွေ့ရှိခဲ့ပြီး ယနေ့အချိန်ထိ ဆေးရုံဆင်းခွင့်ရရှိသူ ၄၉ ဦးရှိပြီဖြစ်ရာ ကျန်ရှိနေသောအတည်ပြုလူနာများကို ရွာငံမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၊ အိုးအိမ် Quarantine Centre နှင့် ခမရ(၁၁၇) ဟဲဟိုးတို့တွင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ် ခဲ့သူများကိုလည်း  အသွားအလာ ကန့်သတ်စောင့်ကြည့်ရာ နေရာများတွင်  ၁၀ ရက်ကြာ ကျန်းမာရေး စောင့်ရှောက်ထားရှိမည် ဖြစ်ကြောင်းနှင့် ထိတွေ့ဆက်စပ်သူများကိုလည်း ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ပြည့်ဖြိုးသန့်