အမြို့မြို့အနယ်နယ်သတင်းများ

Jul 17,2021
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် အောက်ဆီဂျင် လိုအပ်ချက်အတွက် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အောက်ဆီဂျင် ပြတ်လပ်မှု မရှိစေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေး ရေးနှင့် သတင်းစုဆောင်းထုတ်ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၃) ဦးသန်းထွန်းက ပြောကြားသည်။
Jul 17,2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ထိန်းချူပ်ရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက အရှိအဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။
Jul 17,2021
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် နံနက် ၁၀ နာရီက မြို့နယ်အတွင်း အပြင်သွားလာသူများ၊ လမ်းသွားလမ်း လာသူများအား နှာခေါင်းစည်း တပ်ဆင်ထားမှုမရှိပါက ဒဏ်ရိုက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
Jul 17,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လတ်တလောအသက်ရှုလမ်း ကြောင်း ဆိုင်ရာ ရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြု လုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၊ ကားဂိတ်နှင့် မြို့ဝင်/ မြို့ ထွက်နေရာများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
Jul 17,2021
ရွာသစ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့အုပ်ချုပ်ရေးမှူး ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jul 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးရှေ့နှင့် ဈေးအတွင်း၌ Mask Camping နှင့် အသိပညာ ပေးခြင်းကို ယနေ့နံနက် (၇)နာရီခွဲက ဆောင်ရွက်ခဲ့သည်။
Jul 17,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း များအတွက် အသွားအလာကန့်သတ်ထားရှိသည့် Quarantine Centreများနှင့် ကိုဗစ်-၁၉ အတည် ပြုလူနာများ သီးသန့်ထားရှိသည့် Isolation Centre များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတို့က ယမန်နေ့ မွန်းလွဲ ၂နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပါဝင်ကူညီဆောင်ရွက်နေကြသူ များအား တွေ့ဆုံအားပေးထောက်ပံ့ခဲ့ကြသည်။
Jul 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေလှူဒါန်းမှုကို ယနေ့နံနက် ၁၁ နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။