Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းဆတ်မြို့မဈေး၌ Mask Campaign နှင့် အသိပညာပေးခြင်း ဆောင်ရွက်
Jul 18,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးရှေ့တွင် Mask Campaign နှင့် အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ်တွင် အများပြည်သူရုံးပိတ်ရက်ရှည်ကာလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြင်ပထွက်ခွာသွားလာခွင့် အချိန်က…
Jul 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် လတ်တလော ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း နေ့စဉ်မြင့်တက်လာသဖြင့် အများပြည်သူ ရုံးပိတ်ရက်ရှည် ကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသတွင်း ပြည်သူများအား ယနေ့မှစတင်၍ (Stay at home) နေအိမ်တွင် နေထိုင်ရေး အစီအစဉ်ကို လိုက်နာဆောင်ရွက်ရန်နှင့် မဖြစ်မနေကျန်းမာရေး ကိစ္စများမှအပ မည်သည့်ကတ်ဖြင့်မဆို ထွက်ခွာသွားလာခွင့်မပြုကြောင်းနှင့် သက်ဆိုင်ရာကတ်များဖြင့် ပြင်ပထွက်ခွာ သွားလာခွင့် အချိန်ကို ဇူလိုင် (၁၈.၇.၂၀၂၁)ရက်နေ့ မှစတင်၍ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ကန့်သတ်ထားရှိမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိသူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပေါင်းတည်မြို့နယ်အတွင်း သွားလာနေသူ များအား နေအိမ်ပြင်ပသို့ မထွက်ခွာစေရေး အသိပညာပေးစစ်ဆေး
Jul 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ယမန်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ ၉ က်အတွင်း အင်တိုက်အားတိုက် ဆောင်ရွက်သွားမည်ဖြစ်၍ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေး စစ်ဆေးခြင်းကို ရန်ကုန်-ပြည် လမ်းဆုံများတွင် အဖွဲ့များခွဲ၍ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာသစ်(၁၇)ဦး ထပ်မံတွေ့ရှိ
Jul 18,2021
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၊ ပြည်သူကျန်းမာရေး ဦးစီးဌာနတွင် မြို့နယ်အတွင်း အနံ့ပျောက်၊ ဖျားနာ၊ ကျန်မာရေးမကောင်းသူနှင့် ထိစက်မှုရှိသူများအား ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် သာသနာဗိမာန်တွင် RDTဖြင့် စစ်ဆေးရာတွင် စစ်ဆေးသူ(၂၄)ဦးရှိရာ ပိုးတွေ့သူ(၁၆)ယောက်နှင့် မိတ္တီလာမှ စစ်ဆေးခဲ့ပြီး ပိုးတွေ့သူ(၁)ဦး စုစုပေါင်း(၁၇)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့၌ အောက်ဆီဂျင်အိုးများ လွဲပြောင်းပေးအပ်ခြင်း
Jul 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ကျော်ဇော်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူး အောင်ဇော်ထက်နှင့် တာဝန်ရှိ သူများက အောက်ဆီဂျင်ဖြည့်တင်းရန် လိုအပ်နေသော အောက်စီဂျင်အိုးကြီး ၁၈ လုံးအား
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် အောက်စီဂျင်လိုအပ်မှုများတွင် အသုံးပြုရန် အလှူငွေပေးအပ်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမ…
Jul 18,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အထွေထွေအသုံးစရိတ် နှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် အောက်စီဂျင်လိုအပ်မှုများတွင် အသုံးပြုရန် အလှူငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ဇူလိုင် ၁၈ ရက် နံနက် ၁၀ နာရီ အချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့၊ မြို့မဈေးတွင် ပြည်သူများအား နှာခေါင်းစည်း (Mask)များနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jul 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့၊မြို့မဈေးတွင် ယနေ့ နံနက်၇နာရီ ၃၀မိနစ်အချိန်က ကိုဗစ်- ၁၉ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် နှာခေါင်းစည်းများနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်းအသိပညာပေး လက်ကမ်းစာစောင်များကို (အခမဲ့)ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ဈေးရောင်း/ ဈေးဝယ်သူများနှင့် ပြည်သူလူထုများအား နှာခေါင်းစည်း Mask များဖြန…
Jul 18,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့မသားငါးဈေးများရှိ ဈေးရောင်း၊ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား ယနေ့ နံနက် ၈ နာရီအချိန် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26046
Page
26047
Page
26048
Page
26049
Current page
26050
Page
26051
Page
26052
Page
26053
Page
26054
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department