ရှင်ဗွေယန်မြို့၌ ကိုဗစ်-၁၉ရောဂါပြန့်ပွားလာမှုများ‌လာခြင်းကြောင့် မြို့အဝင်အထွက်ကို (၇)ရက်ကြာ ပိတ်ထားဆောင်ရွက်

ရှင်‌ဗွေယန်  ဇူလိုင်  ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌  ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု များပြား လာခြင်းကြောင့် မြို့အဆင့် ကိုဗစ်၁၉ ရောဂါ ကြိုတင်၊  ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် (၁၆)ရက် မွန်းလွဲ ၃ နာရီခွဲက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ကိုဗစ်-၁၉ရောဂါ၊ကြိုတင်၊ကာကွယ်ရေး၊ ကြိုတင်ကာကွယ်ရေး မြို့အဆင့် ကော်မတီဝင်များ၏ဆုံးဖြတ်ချက်အရ ကိုဗစ်-၁၉‌ ရောဂါ ပိုးသည် ရှင်ဗွေယန်မြို့တွင် ရောဂါပိုးပြန့်ပွားမှု များပြားလာခြင်း၊ အိမ်ထောင်စုအလိုက် ပိုးပြန့်ကူးစက်‌ လျက်ရှိ‌သောကြောင့် ရှင်ဗွေယန်မြို့ အဝင်ဂိတ် နှင့် အထွက်ဂိတ်များထားရှိကာ ဇူလိုင်လ (၁၉)ရက်မှ (၂၅)ရက်‌နေ့ အထိ ၇)ရက်ကြာ ပိတ်ထားမည် ဖြစ်ကြောင်းသိရသည်။  

ရှင်ဗွေယန်မြို့တွင် ဇူလိုင်လ၁၃ရက်မှ ၁၆ရက်န့အထိ ကျန်းမာ‌ရေးဦးစီးဌာန၏ ရောဂါပိုးစစ်ဆေး ချက်အရ စစ်ဆေးပြီး လူနာ (၆၈) ဦးအနက် ပိုးတွေ့လူနာ (၂၃) ဦးရှိပြီး သေဆုံးလူနာ (၁) ဦးနှင့် စစ်ဆေးရန်ကျန်ရှိသူ(၈၁)ဦး ရှိကြောင်း သိရသည်။

လင်းသွယ်ဦး