ချီဖွေ ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မြို့အဝင်ကျန်းမာရေး စစ်ဆေးဂိတ်တွင် ဇူလိုင် (၁၅)ရက်နေ့မှ ဇူလိုင်(၁၇)ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာသစ် (၄)ဦးထပ်မံ စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
အဆိုပါ လူနာသစ်(၄)ဦးသည် မြို့အဝင်ကျန်းမာရေးစစ်ဆေးဂိတ်တွင် RDT( Test Kit) ဖြင့် ကျန်းမာရေး စစ်ဆေးဆောင်ရွက်ရာမှ ကျား(၃)ဦးနှင့် မြို့နယ်အားကစားခန်းမရှိ Quarantine Centre တွင် ထားရှိသော ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်ဆံခဲ့သည့် ကျား(၁)ဦး စုစုပေါင်း (၄)ဦးထပ်မံတွေ့ ရှိကြောင်း သိရသည်။
လက်ရှိအချိန်ထိ ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့မ(၁)ဦး၊ ကျား(၁၀)ဦး စုစုပေါင်း အတည်ပြု လူနာ(၁၁)ဦးရှိပြီး အတည်ပြုလူနာများအား မြို့နယ်ပြည်သူ့ဆေးရုံ ပိုးတွေ့လူနာ ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ချီဖွေ(မြို့နယ်ပြန်/ဆက်)