ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနအား ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း

လားရှိုး   ဇူလိုင်  ၁၈

            ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရဲအောင်ထွန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက တွေ့ဆုံမေးမြန်းခဲ့သည်။

            ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)  ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာရဲအောင်ထွန်းက အောက်ပါအတိုင်း ဆွေးနွေးပြောကြားခဲ့သည်။

 

မေး။     ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့နယ်မှာ လက်ရှိကာလအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ‌ဆောင်ရွက်နေမှုအခြေအနေများကို သိရှိလိုပါတယ်ရှင်။

 

ဖြေ။     “ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်မှာ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ခရိုင် နှင့်မြို့နယ်များမှာ Team များဖွဲ့စည်းထားရှိပြီး Team များအလိုက်နေ့စဉ်ရပ်ကွက်များအတွင်း ဆောင်ရွက် လျက်ရှိပါတယ်၊ ဒါ့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ Stay at Home စည်းကမ်းချက်များကိုလည်း လိုက်နာရန်နေ့စဉ်ဆောင်ရွက်လျက်ရှိပါတယ်၊ မြို့ဝင်မြို့ထွက် ဂိတ်များဖြစ်တဲ့ မယ်ဟန်ဂိတ်နှင့် နမ္မတူဂိတ်များကိုလည်း စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်၊ မြို့ပေါ်မှာလည်း ပြည်သူများအနေနဲ့ နေအိမ်ပြင်ပသွားလာခွင့်ကဒ်ပါရှိမှသာ သွားလာနိုင်ပါတယ် ၊  ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ် ကိုဗစ်-၁၉ ကြီးကြပ်ရေးအဖွဲ့များမှလည်း လမ်းများတွင် စိစစ်ဆောင်ရွက် လျက်ရှိပါတယ်၊ ကိုဗစ်-၁၉ Contact လူနာများ ထားရှိရန်နေရာများကိုလည်း စီစဉ်ဆောင်ရွက်ထားပါတယ်”

 

မေး။     လားရှိုးမြို့နယ်အတွင်း Quarantine Centre များ ဖွင့်လှစ်ထားရှိမှုအခြေအနေများကိုလည်း ရှင်းပြ ပေးပါရှင် ။

 

ဖြေ။     “ပိုးတွေ့လူနာများထားရှိရန် Quarantine Centre တွေကတော့ ပြည်ထောင်စုအားကစားကွင်း၊ မိုးလုံ လေလုံမှာလူ(၁၀၀)ထားရှိနိုင်ပါတယ်၊ ဒါ့အပြင် လားရှိုးမြို့စက်မှု၊ လက်မှုအထက်တန်းကျောင်းမှာ လူ(၃၀၀) ကျော်ထားရှိနိုင်ပါတယ်၊ ပိုးတွေ့လူနာများထားရှိနိုင်ဖို့ Quarantine Centre ထပ်မံတိုးချဲ့ဖို့ရန် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်၊ ဒါ့အပြင် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ် "

 

မေး။     COVID-19 လူနာများကို ကုသစောင့်ရှောက်မှုပေးနေတဲ့ အခြေအနေများကိုလည်း ရှင်းပြပေးပါရှင်။

 

            “ကိုဗစ်လူနာများအတွက် အခြားမြို့နယ်မှ လားရှိုးမြို့နယ်အတွင်း ဝင်ရောက်ပျံ့နှံ့မှုမရှိစေရန် ဝင်ထွက် ဂိတ်(၂)ခုမှာ လူနှင့်ယာဉ်များကို စနစ်တကျ စိစစ်လျက်ရှိပါတယ်၊   လားရှိုးမြို့မှာ လူ(၆၀၀)ထားနိုင်မည့်ကုသ

 

ရေးစီစဉ်ဆောင်ရွက်လျက်ရှိပြီး အောက်စီဂျင် Liboratory စင်တာကို လားရှိုးမြို့က ပညာရေးကောလိပ်မှာ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်၊ ဒါ့အပြင် လူနာနှင့် လူနာစောင့်(၁)ဦးနေထိုင်နိုင်မည့် အခန်း(၈၀)စာ နေရာ ကိုလည်းပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်၊    အဲ့ဒီအခန်း(၈၀)မှာရှိတဲ့ ပိုးတွေ့လူနာများကို  ကုသပေးရာမှာ

လည်း လူနာ၏ အခြေအနေအားအချိန်နှင့်တပြေးညီ သိရှိနိုင်ရေး CCTV ကင်မရာများကိုလည်း တပ်ဆင်ထားရှိ ပါတယ်၊       ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများကလည်း ပေါင်းစပ်ဆောင်ရွက်

မှာဖြစ်ပါတယ်၊ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးမှာလည်းပိုးတွေ့လူနာ(၁၅၀)ဦး ထားရှိရန် ဖျားနာဆောင် နှင့်သူနာပြုသင်တန်းကျောင်းအဆောင်(၁)တွင်လည်း ကုသပေးလျက်ရှိပါတယ်။”

 

မေး။     လားရှိုးမြို့နယ်အတွင်းမှာ Covid-19ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများကိုလည်း ရှင်းလင်း ပြောကြားပေးပါရှင် ။

ဖြေ။ "ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေကတော့ Covid-19 ပထမလှိုင်းမှာ လူဦးရေ(၉၈၁၅၀)ဦး၊ Covid-19 ဒုတိယလှိုင်းမှာ လူဦးရေ (၈၆၃၂၈)ဦး ထိုးနှံပေးနိုင်ခဲ့ပါတယ်၊ ဒါအပြင် ဆင်နိုဖန်(Sinophanm)ကို ပထမအကြိမ်(၃၃၉၉)ဦး ထိုးနှံပေးထားပါတယ်၊ မနက်ဖန်မှာလည်း ဆက်လက်ထိုးနှံပေးဖို့ ဆောင်ရွက် နေပါတယ် ”

 

မေး။     Covid-19 လူနာများ ကုသပေးရာမှာ Oxygen ရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း သိပါရစေရှင် ။

ဖြေ။     “လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးမှာ Oxygen Plant (၁)လုံးတပ်ဆင်လျက်ရှိပြီး အဲ့ဒီ Oxygen Plant မှ ပိုးတွေ့လူနာများရဲ့  အောက်စီဂျင်လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်၊ ဒါ့အပြင်သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်နှင်မြို့နယ် Covid-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့်ပေါင်းစပ်ခြင်း ၊ အရှေ့မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်တို့နှင့် ပေါင်းစပ်ခြင်းများဖြင့်လည်း Oxygen ရရှိရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ယခု အချိန်ထိတော့ အောက်စီဂျင်ပြတ်လပ်မှုမရှိသေးပါဘူး၊ ဆေးရုံရှိလူနာ(၆၀)ကိုလည်းအောက်စီဂျင် လုံလောက် စွာရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်၊ ပြင်ဦးလွင်မြို့အောက်စီဂျင်စက်ရုံများမှလည်း ရယူလျက် ရှိပါတယ် ။"

 

မေး။     ဆရာကြီးအနေနဲ့ အခြားဖြည့်စွက် ပြောကြားလိုတာများရှိပါက ရှင်းလင်းပြောကြားပေးပါရှင် ။

 

ဖြေ။     ကျွန်တော်တို့အနေနဲ့ ပုံမှန်လုပ်ငန်းများဖြစ်တဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်း၊ ကိုယ်ဝန် ဆောင်သည် စောင့်ရှောက်ရေးလုပ်ငန်းများအပြင် ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားလိုပါတယ်။”