အမြို့မြို့အနယ်နယ်သတင်းများ

Jul 19,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ဇူလိုင်(၁၈)ရက်နေ့ နံနက်(၉)နာရီမှ ညနေ (၃)နာရီအထိ သံသယလူနာမျာကို RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ၊ကိုဗစ်-၁၉ ကူးစက်လူနာအသစ် (၁၁)ဦးထပ်မံတွေ့ရှိခဲ့ ကြောင်းသိရသည်။
Jul 19,2021
ဧရာဝတီတိုင်းဒသကြီး၊ လပွတ္တာခရိုင်၊ ၃မိုင်မြို့သစ် ခုတင် (၂၀၀)ဆံ့ပြည် သူ့ဆေးရုံကြီးသို့ အလှူရှင်များလှူဒါန်းသည့် အောက်ဆီဂျင်အိုးများကို ယမန်နေ့ ညနေ ၄ နာရီက ရောက်ရှိကြောင်း သိရသည်။
Jul 19,2021
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ ကုတင်-၃၀၀တွင် Liquid အောက်စီဂျင် တန်(၂၀)ရှိ တစ်နေ့လျှင်အောက်စီဂျင် (၄၀)လီတာအိုး (၁၄၀၀)အိုးဖြည့်တင်းပေးနိုင်သည့် အောက်စီဂျင်စက်ရုံ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
Jul 19,2021
စစ်ကိုင်းတိုင်းဒေ​သကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံမှ CDM ပြုလုပ်သွားသော ဆရာဝန်များ၏ ရုံးခန်းများနှင့် စတိုခန်းများကို ဇူလိုင်(၁၇)ရက်နေ့ ၊ မွန်းတည့်(၁၂း၁၅)နာရီအချိန်က ဟုမ္မလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ စီမံကိန်းဦးစီးမှူး ဦးတင်မောင်ဝင်း၊ မြို့နယ် လဝက ဦးစီးမှူး ဦးမင်းညွန့်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေး၊ ဟုမ္မလင်း ခုတင်(၁၀၀) ဆံ့ပြည်သူ့ဆေးရုံမှရုံးအုပ် ဦးကံစိန်နှင့်တာဝန်ရှိသူများနှင့်ရပ်မိရပ်ဖများက သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
Jul 18,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ(၁၈)ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် မုံရွာမြို့၊ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး အတွင်းရှိ သလ္လာရတနာခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်းစိုးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။