အမြို့မြို့အနယ်နယ်သတင်းများ

Jul 18,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အောက်ဆီဂျင် (၄၀)လီ တာဆန့်(၄၇)လုံး၊ နွားနို့၊ ကြက်ဥ၊ ဘီစကွတ်မုန့်တို့ကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
Jul 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ပေါ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် အချိန်ကာလအတွင်း ကြက်ဥများ စျေးနှုန်းချိုသာစွာ ဝယ်ယူ စားသောက်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက ညောင်တုန်း မြို့မစျေးရှေ့တွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့က ဦးဆောင်၍ ကြက်ခြံလုပ်ငန်းရှင်များနှင့် ပူးပေါင်းညှိနှိုင်းကာ ကြက်ဥ တစ်လုံးလျှင် ၁၃၀ကျပ်နှုန်း လူတစ်ဦးလျှင် ၁၀ လုံးဖြင့် ကြက်ဥ အလုံးရေ ၂၄၀၀ ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
Jul 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၂ နာရီက ဇူလိုင် (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည်နေ့အကြောင်း သိကောင်းစရာများ Talk Show ကျင်းပပြုလုပ်ခဲ့သည်။
Jul 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့်ထိတွေ့ခဲ့ကြသည့် ပြည်သူများကို လုပ်ထုံးလုပ်နည်း နှင့်အညီ ရွေ့လျားရှာဖွေစနစ်ဖြင့် ကိုဗစ် -၁၉ရောဂါပိုးရှိ/မရှိ Swab နမူနာများရယူ၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ စစ်ဆေးချက် အဖြေအရ ယခင်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ(၇၆)ဦးရှိရာမှ ယနေ့ နံနက်(၁၁)နာရီအချိန်တွင် အမျိုးသား(၁၂)ဦး၊ အမျိုးသမီး (၁၃)ဦး စုစုပေါင်း(၂၅)ဦး ထပ်မံတွေ့ရှိခဲ့ရာ ယနေ့အချိန်အထိ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၁၀၁)ဦး ထိရှိ ပြီဖြစ်ကြောင်း သိရသည်။
Jul 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရွှေတောင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှုကို ထိန်းချုပ်နိုင်ရန်အတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာ လျက်ရှိပြီး နံနက်ပိုင်း ဈေးဝယ်ထွက်သည့် အချိန်မှလွဲ၍ အပြင်ထွက်သ မရှိသလောက် နည်းပါး လျက်ရှိသည်။
Jul 18,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ လက်ရှိဖြစ်ပွားလျက်ရှိနေသည့် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားနေမှုနှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ်ကုသ‌ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေအား ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ တင်မြင့်ဦးအား ယနေ့ နံနက် ၁၀ နာရီက တွေ့ဆုံမေးမြန်းခဲ့သည်။
Jul 18,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ကုလားပဲများ ပေါ်သည့်ရာသီချိန် မဟုတ်သည့်အပြင် ရောင်းချသူ မရှိဘဲ ဝယ်ယူသူများနေသဖြင့် ကုလားပဲဈေးများ  တက်လာရတာဖြစ်ကြောင်း မင်းဘူးမြို့မှ ပဲအမျိုးမျိုး လက်လီလက်ကား ဝယ်ယူရောင်းချသူ ဦးအောင်ဆန်းထံမှ သိရသည်။