Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မလှိုင်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ(၁၇)ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရ
Jul 17,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မြင်းဦးလှည့်ကျေးရွာအုပ်စု၊ ခေါင်းဆေးကန်ကျေးရွာမှ ကိုဗစ်အတည်ပြု လူနာ(၁၇)ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့တွင် ရွှေနီအောင်သိန်း ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ငွေကျပ်(၁၀)သိန်း လှူဒါန်း
Jul 17,2021
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ရွှေနီအောင်သိန်းဖောင်ဒေးရှင်းမှ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းခြင်း ကို ယနေ့ နံနက်(၁၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင် မိသားစုများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်ရှိ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သူသုံးဦး ဆေးကုသမှုခံယူပြီးနောက် ဆေးရုံဆင်း
Jul 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည့် အတည်ပြုလူနာသုံးဦးဖြစ်သော ဝမ်ကောင်းကျေးရွာမှ နှစ်ဦးနှင့် ဖကျောက်ကျေးရွာမှ တစ်ဦးတို့သည် ဝမ်ဇလီလော်ကျေးရွာ ဝန်ထမ်းအိမ်ရာ ယာယီဆေးကုသဆောင်၌ ဆေးကုသမှု ခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်ကြသဖြင့် ယနေ့နံနက်ပိုင်းအချိန်ခန့်က ဆေးရုံမှဆင်းခွင့်ပြု ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့တွင် နေအိမ်အပြင်ထွက်လျှင် ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်း ရှိ/မရှိရှောင်တခင်စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်…
Jul 17,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)အဆင့်မြင့် စံပြဈေး၊ဖိုးလမင်းကုန်တိုက်ရှေ့၊ အ-ထ-က(၄)ကျောင်းရှေ့၊ မြို့နယ်စုပေါင်းရုံးရှေ့၊ သံလွင်တံတား အနီး၊ မဲဘောင်ဈေးစသည့်နေရာများတွင် ခရီးသွားပြည်သူများနှင့် နေအိမ်ပြင်ပထွက်ခွာ သွားလာသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး ခြင်း၊ အသိပညာပေးခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိန္တလီမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ(၄)ဦး ထပ်မံတွေ့ရှိ
Jul 17,2021
သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ဘဝင်ကျေးရွာမှ အသက်(၆၀)နှစ် အမျိုးသမီးတစ်ဦး၊ သိုင်းကျွန်းကျေးရွာမှ အသက်(၄၆)နှစ်အမျိုးသားတစ်ဦး၊ ကျိန္တလီမြို့ အမှတ်(၂)ရပ်ကွက်မှ အသက် (၆၀)နှစ် အမျိုးသမီးတစ်ဦးနှင့် အသက်(၂၃)နှစ်အမျိုးသမီးတစ်ဦး စုစုပေါင်း(၄)ဦးတို့သည် သံသယ ဖြစ်ဖွယ်ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် ကျိန္တလီမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ မွန်းတည့်ချိန်က RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ (၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်ရှိ ကိုဗစ် - ၁၉ ရောဂါ အရန်ကုသရေးစင်တာ၌ ပိုးတွေ့လူနာများအား ကိုယ်ကာယ အသက်ရှုလေ့ကျင့်ခန်း လှုပ်ရှားမှုများ ဆောင်ရွက်ပေး
Jul 17,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ရှိကသစ်ဝိုင်းဓမ္မရိပ်သာ ကိုဗစ် - ၁၉ ရောဂါ အရန်ကုသရေးစင်တာ၌ ယနေ့ နံနက် ၇ နာရီအချိန်က ဆေးကုသမှုခံယူနေသော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ လူနာများအား ကိုယ်ကာယလေ့ကျင့်ခန်းနှင့် အသက်ရှုလေ့ကျင့်ခန်းများ လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ် ရှန်တော်သကြားစက်ရုံမှ အလုပ်သမား ၁၄ ဦးတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိ
Jul 17,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ခိုဆိုင်းကျေးရွာအုပ်စု ရှန်တော်ကျေးရွာရှိ သံတောင်ဦးကုမ္ပဏီပိုင် သကြားစက်မှ အလုပ်သမား ၁၄ ဦးတို့တွင် ဇူလိုင်လ ၁၆ ရက်နေ့က ကိုဗစ် - ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 17,2021
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါသည် ယခုအခါ မြန်မာနိုင်ငံတွင် ကူးစက်ပြန့်ပွားမှုများ ဖြစ်ပွားလျက်ရှိပြီး တတိယလှိုင်းအသွင် စတင်ဖြစ်ပွားလျက်ရှိသည့်အပြင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါလည်း ကူးစက်ပြန့်ပွားလျက်ရှိကြောင်း ဓာတ်ခွဲ အတည်ပြုချက်များအရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26050
Page
26051
Page
26052
Page
26053
Current page
26054
Page
26055
Page
26056
Page
26057
Page
26058
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department