Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယနေ့ဆက်လက်ထိုးနှံပေး
Aug 04,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်၉နာရီမှစတင်၍ ဆေးမထိုးနှံရသေးသော လှိုင်မြို့နယ်တွင်းနေထိုင်သည့် အသက်(၆၅)နှစ် အထက် သက်ကြီးရွယ်အိုဘိုးဘွား(၃၇၈)ဦးအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ပရဟိတအဖွဲ့၊ကြက်ခြေနီနှင့်မီသတ်တပ်ဖွဲ့တို့မှပူးပေါင်း၍ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအားဆောင်ရွက်ပေးလျှက်ရှိကြောင်း လှိုင်မြို့နယ်ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေး ပေါ်တုန့်ပြန်ရေးကော်မတီမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) တတိယမြောက်နေ့တွင် လာရောက်ထိုးနှံသူများပြား
Aug 04,2021
ဘူးသီးတောင်မြို့နယ်တွင် သြဂုတ်လ ၁ ရက်နေ့မှစ၍အသက် ၆၅ နှစ်အထက်သက်ကြီးရွယ်အိုများ၊ ရဟန်း သံဃာတော်များနှင့် သီလရှင်များ၊စျေးမိသားစုများ၊ဝန်ထမ်းများ အားလတ်တလောအသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်မြန်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ကိုကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ စုရပ်( ၅ )ခုတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိထိုးနှံပေးလျက်ရှိရာ တတိယမြောက်နေ့တွင်လာရောက်ထိုးနှံသူအများအပြားရောက်ရှိလာကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ကြည့်ရှုအားပေး
Aug 04,2021
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ မိုင်းကိုင်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်း ဆန်အိတ်များလှူဒါန်း
Aug 04,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ မှပေးပို့လှူဒါန်းလာသော ဆွမ်းဆန်အိတ်များကို ယနေ့ညနေပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် အဖွဲ့ဝင်များ ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့နှင့် မြို့မိမြို့ဖများက ဘုန်းတော်ကြီးကျောင်းများအရောက် သွားရောက်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကုတ်မြို့တွင် သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာမှု ရှိ/မရှိနှင့် ရပ်ကွက်များ အတွင်း လှည့်လည် အသိပညာပေး ဆောင်ရွက်
Aug 04,2021
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမှာ နေ့စဉ်မြင့်တက် လျက် ရှိသော ကြောင့် ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန် အတွက် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာစည်းမျဉ်း စည်းကမ်း သတ်မှတ် ချက်များအား လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ယမန်နေ့လယ်၁၂နာရီ အချိန်တွင် မြို့ပေါ် ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများ၌ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ရဟန်းသံဃတော်များသာမဏေများ၊ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးနေမှုအားကြည့်ရှုအားပေး
Aug 04,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၉) နာရီ ကတောင်ကြီးမြို့ မူလမင်းကွန်းပရိယတ္တိစာသင်တိုက်၌ ရဟန်းသံဃာတော်များ၊ သာမဏေများ၊ သီလရှင် ဆရာလေးများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနေမှု အားကြည့်ရှုအားပေးကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေး
Aug 04,2021
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၆၅)နှစ် အထက်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအား ကာကွယ် ဆေးထိုးနှံပေးခြင်းကို လူမျိုးဘာသာမရွေး မြို့နယ်အတွင်း စုရပ်(၂)နေရာ သတ်မှတ်၍ ဩဂုတ်လ(၃)ရက် နံနက်(၈)နာရီ အချိန်ကစတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက် များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်း များနှင့် အမှတ်(၁၀) တပ်မတော်ဆေးရုံကုတင်(၂၅)ဆံ့မှ ဆရာဝန်နှင့်သူနာပြုများက ထိုးနှံပေးလျက် ရှိကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး တတိယနေ့ ဆက်လက်ထိုးနှံ
Aug 04,2021
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ် ၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ အချိန်မှ မွန်းလွဲ ၁၂ နာရီအချိန်ထိ၎င်း နေ့လယ် ၁ နာရီ အချိန် မှ ညနေ ၄ နာရီအချိန်ထိ ကံပိုင်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ ၌ တတိယနေ့အဖြစ် လူမျိုးဘာသာမရွေး ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25857
Page
25858
Page
25859
Page
25860
Current page
25861
Page
25862
Page
25863
Page
25864
Page
25865
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department