Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Aug 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက်ရှိသူ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း စုရပ် (၄)နေရာ သတ်မှတ်၍ ဩဂုတ်လ(၃)ရက် နံနက်(၈)နာရီအချိန်ကစတင်ကာ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများအတွက် အလှူငွေများပေးအပ်လှူဒါန်း
Aug 03,2021
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ထံသို့ ထိန်ချုံးခရိုင်ကုန်သည်ကြီး များအသင်းနှင့် ပြည်နယ် လက်ရွေးစင် U-25 အမျိုးသမီးဘောလုံးအသင်းတို့မှ အလှူငွေများပေး အပ်လှူဒါန်းမှုကို ယနေ့ နံနက် ၁၁ နာရီခွဲတွင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံရယူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက်ရှိသူများအား အုပ်စုလိုက်ခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 03,2021
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဗန်းမော်မြို့ ခွန်သာ၊ နောင်ခို၊ ပေါက်ကုန်း နှင့် ဟန်းတဲရပ်ကွက်တို့မှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးများအား စုရပ်(၂)စုခွဲ၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့ နံနက် (၁၀)နာရီမှ စတင်၍ မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး နှင့် ကျန်းမာရေးဝန် ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာ ဏ တိုင်းတာခြင်းများဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြော
Aug 03,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာ တိုက်ရှောင်စခန်းများရှိ ကျေးလက်နေပြည်သူများ အနေဖြင့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူး စက်မြန်ရောဂါ ပြန့်နှံမှုမှ ကြိုတင်ကာကွယ်နိုင် ရန်အတွက် ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးဟောပြော ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာရှိ တိုက်ပွဲရှောင်စခန်းသို့ သွားရောက်ပြီး ကျန်းမာရေးအသိ ပညာပေး ဟောပြောခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Aug 03,2021
အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအလယ်တန်း ကျောင်းတို့ တွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ဆက်လက် ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက် (၆၅) နှစ်နှင့် အထက် ရှိသူများနှင့် ဦးစားပေးအဆင့်များတွင် ပါဝင်သူများအား ပထမအကြိမ် ထိုးနှံပေး
Aug 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက် (၆၅) နှစ်နှင့်အထက်ရှိသူများနှင့် ဦးစားပေးအဆင့်များတွင် ပါဝင်သူများအား ပထမအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းကို ယနေ့ စတင်ထိုးနှံပေးခြင်း နှင့် ပတ်သက်၍ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တွေ့ဆုံမေးမြန်းခြင်းတွေ့ဆုံမေးမြန်းသူ- ဦးစိုးဝေအောင် (ခင်ဦး)
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Aug 03,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံ(ဟောင်း)နေရာ၌ ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25860
Page
25861
Page
25862
Page
25863
Current page
25864
Page
25865
Page
25866
Page
25867
Page
25868
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department