အမြို့မြို့အနယ်နယ်သတင်းများ

Aug 04,2021
ဧရာဝတီတိုင်းဒသကြီး၊ လပွတ္တာခရိုင်၊ ၃ မိုင်မြို့သစ်ခုတင် (၂၀၀) ပြည် သူ့ဆေးရုံကြီးသို့ အလှူရှင်များစုပေါင်းလှူဒါန်းသည့် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုးများကို ယနေ့ နေ့လယ် ၂ နာရီခွဲအချိန်က ရောက်ရှိကြောင်း သိရသည်။
Aug 04,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်၌ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ မွန်းတည့်အချိန်က နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်အတွင်းရှိ မဟာဘွဲ့နှင်းသဘင်ခန်မတွင် ပြုလုပ်သည်။
Aug 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အထကဆေးထိုးစုရပ်၌ ယနေ့ နံနက် (၈) နာရီခွဲအချိန်မှစတင်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (စတုတ္ထနေ့) အစီအစဉ်ကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 04,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ယမန်နေ့က ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
Aug 04,2021
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်လေးပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနေမှု အခြေအနေများအား လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
Aug 04,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းကျေးရွာအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အို များအား ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်းတွင် လူမျိုးဘာသာမရွေးထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Aug 04,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို သြဂုတ်လ ၁ ရက်နေ့တွင် စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ မြို့ပေါ်ရှိ ရပ်ကွက် ပေါင်း ၁၂ ရပ်ကွက်တို့ရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အို စုစုပေါင်း ၂၉၃၅ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက တပင်ရွှေထီးရပ်ကွက် ဒလ-ဓနုတ် ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ဆေးထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Aug 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၉)နာရီက အသက်(၆၅) နှစ် အထက်သက်ကြီးရွယ်အိုများကို ဦးစားပေးစနစ်ဖြင့် ပထမအကြိမ်ဒုတိယအသုတ်အဖြစ် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။