အမြို့မြို့အနယ်နယ်သတင်းများ

Jul 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် Quarantine Center (၄)နေရာ ၌ Facility Quarantine ထားရှိသူများအား ယမန်နေ့က RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ(၇)ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
Jul 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သဘာဝဘေးဒဏ် ခံရခြင်းများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ‌တော်အဖြစ် ပျိုးပင်ပေါင်း ၂၀၀ ကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့သည်။
Jul 08,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ မင်းစုရပ်ကွက်မှ ကျား(၂)ဦး၊ ဝဲလောင်ကျေးရွာမှ မ(၂)ဦး၊ ကျောက်တလုံးကျေးရွာမှ ကျား(၁)ဦး၊ မ(၁)ဦး၊ ဘူတာကုန်းရပ်ကွက်မှ ကျား(၁)ဦး၊ မင်းရင်ကျေးရွာမှ ကျား(၂)ဦး၊ တဲယာကျေးရွာမှ မ(၁)ဦးတို့သည် ဖျားနာပြီးအနံ့မရသဖြင့် ကိုဗစ်-၁၉ရောဂါ သံသယရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၌ RDT Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သည်။
Jul 08,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား ယမန်နေ့မှ စတင်၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Jul 08,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (CommunityCentre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ပန်းခင်းစီမံချက် အသိပညာပေး (Talk Show) အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 08,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပသည်။
Jul 08,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် နမ့်လစ်ကျေးရွာအုပ်စု ၊ ခါနာန်ကျေးရွာနေ အမျိုးသား ၁ ဦးနှင့် ဝမ်ပိန်းကျေးရွာအုပ်စု ၊ ပန်လင်းဆိုင် ကျေးရွာနေ အမျိုးသမီး ၁ ဦး စုစုပေါင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂ ဦးသည် ယမန်နေ့ ညပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
Jul 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး‌ ကော်မတီ မှ မြို့နယ်အတွင်း ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။