အမြို့မြို့အနယ်နယ်သတင်းများ

Aug 04,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်များတွင် Quarantine center များအလိုက် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် Volunteer ယအဖွဲ့များအား ကျန်းမာရေး အသုံးအဆောင် ပစ္စည်းများနှင့် စားသောက်ကုန်များထောက်ပံ့ ပေးအပ် ခြင်းအစီအစဉ် တစ်ရပ်ကို ယနေ့ နံနက်(၁၀)နာရီက ကော့သောင်းမြို့၊မဉ္ဇူသကခန်းမတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေး လမ်းညွှန်စည်းကမ်းချက်များနှင့်အညီပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 04,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharmကို မချမ်းဘော့မြို့ဂူဘားဧည့်ရိပ်သာတွင် ယနေ့နံနက် ၉နာရီမှစတင်ထိုးနှံ‌ပေးလျက်ရှိကြောင်း သိရသည်။
Aug 04,2021
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်၉ နာရီအချိန်မှစ၍ စုရပ်(၅)နေရာတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 04,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုး နှံခြင်းကို စတုတ္ထမြောက်နေ့အဖြစ် ဦးတည်အုပ်စုများအား ဦးစားပေးအလိုက် စုရပ်နေရာ လေးနေရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
Aug 04,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံရှေ့၊ မယ်စဲ့-ဘီပီ (၁၃) လမ်းမကြီးနှင့် မြောက်ပိုင်းရပ်ကွက်ရှိ ကွက်သစ်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Aug 04,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် လတ်တလော ဖြစ်ပွားနေသော ကူးစက်မှုမြန်စွာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် အောက်ဆီဂျင်အိုးများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ နေ့စဉ်အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသည်။
Aug 04,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်မှစတင်ပြီး အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ၊ ရဟန်းသံဃာတော်များနှင့် ဝန်ထမ်းများတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံ ပေးလျက်ရှိကြောင်း သိရှိရသည်။
Aug 04,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၄၄)ရပ်ကွက် ဝက်မစွပ်လမ်းနှင့် ရာဇသင်္ကြန်လမ်းထောင့်တွင် ယနေ့နံနက်၄နာရီ၁၅မိနစ်အချိန်က မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ထွက်ခွာငြိမ်းသတ်ရာ နံနက်၅နာရီ၅၀မိနစ်အချိန်တွင် မီးငြိမ်းသွား ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မီးသတ်ဦးစီးဌာနမှသိရှိရသည်။