ထီးချိုင့် ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်ဦးနှင့် စိုက်ပညာရှင်ဝန်ထမ်းများသည် မြတောင်ကျေးရွာအုပ်စု တောင်သူဦးခင်မောင်တင့် ဖရဲ GAP (၅) ဧက စိုက်ပျိုးမှုအား ယနေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ကွင်းဆင်းဆောင် ရွက်ရာတွင် မြိုနယ်စိုက်ပျိုး ရေးဦးစီးမှူးဦးဇော်ဦးမှ သန့်ရှင်းလတ်ဆတ်သော သီးနှံများ ခူးဆွတ်စားသုံးနိုင်ရန်၊ အစားအစာများ ဘေးအန္တရာယ်ကင်း စိတ်ချယုံကြည်စေရန်၊ အပိုဝင်ငွေ ရရှိစေရန်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ချစေနိုင်ရန်၊ စိတ်ဖိစီးမှုလျော့ချစေနိုင်ရန်၊ ကျန်းမာရေး အထောက်အကူပြုရရှိစေရန်၊ မိသားစုအတွင်း ချစ်ခင်ရင်းနှီးစည်းလုံးမှုကို ပိုမိုရရှိစေရန်၊ မိတ်ဆွေများနှင့် ပိုမိုရင်းနှီးမှု ရရှိစေရန် ရည်ရွယ်၍ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် Home garden စိုက်ပျိုးကြရန်နှင့် စိုက်ပျိုးရေးဦးစီးဌာန ဦးဆောင်မှုဖြင့် Home gardenစိုက်ပျိုးထားရှိသော တောင်သူများအား ထီးချိုင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်ထားသော ငါးအမိုင်နိုအက်စစ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)