အမြို့မြို့အနယ်နယ်သတင်းများ

Aug 04,2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အကျဉ်းဦးစီးဌာန အချုပ်သားအဆောင်(၂)၌ ယမန်နေ့ မွန်းလွဲ ၃နာရီခွဲက ရမည်းသင်းမြို့နယ်အ ကျဉ်းဦးစီးဌာနရှိ အချုပ်သား/ အချုပ်သားသူနှင့် အကျဉ်းသား/ အကျဉ်းသား သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinopharm )ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
Aug 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အသက် ၆၅နှစ်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ဩဂုတ်လ ၃ရက်နေ့၌ ဆက်လက် ထိုးနှံပေး လျက်ရှိရာ စုစုပေါင်း ၃၁၅၂ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။ ဟိုပုံးမြို့နယ်တွင် အသက် ၆၅ နှစ်အထက် ဘိုးဘွားများနှင့် ဦးစားပေး အစီအစဉ်အရ ဆေးထိုးပေးနိုင်သူများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၄၇၄)ဦး၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၈နာရီမှ ညနေ ၄နာရီအထိ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
Aug 04,2021
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊မကျီးဇင်ကျေးရွာအုပ်စုအတွင်းရှိ မကျီးဇင်ကျေးရွာအထကစာသင်ကျောင်း၌ ယမန်နေ့ နံနက်(၉)နာရီမှစတင်ကာအသက်(၆၅)နှစ် အထက်အဘိုး၊အဖွားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး များကို ဦးစားပေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Aug 04,2021
ရန်ကုန် သြဂုတ် ၄ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးဆက်ပျံ့နှံ့မှုလျော့နည်း ကျဆင်းစေရေး အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အသက် ၆၅ နှစ်န
Aug 04,2021
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေးမထိုးနှံရသေးသောအသက်(၁၈) နှစ် နှင့် အထက် ရဟန်း၊ရှင်၊လူ၊ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း (တတိယနေ့)အဖြစ် ယနေ့ နေ့လယ် (၁၂)နာရီအချိန်က ရေနံချောင်းမြို့ ဆုံတိုက်ရပ်ကွက် ၊ လည်ပေါ်သာသနာ့ဗိမာန်တော်၊ ရွာသစ်ရပ်ကွက်၊ အထက (၁) ကျောင်း ခန်းမ နှင့် သုံးဆယ့်ခြောက်ကျေးရွာ၊ အထက(ခွဲ) ကျောင်းခန်းမတို့ တွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။