ရန်ကုန် ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်းဈေး၊ ဈေးရုံသစ် အပိုင်း(၂)နှင့်(၃) တည်ဆောက်နေသည့် ပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က စစ်ဆေးခဲ့သည်။
စစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့်တာဝန် ရှိသူများသည် ဈေးများဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘိုကုန်းဈေး၊ဈေးရုံသစ် အပိုင်း(၂)နှင့်(၃) တည်ဆောက်နေသည့် ပြီးစီးမှုအခြေအနေအား လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)