တွံတေး သြဂုတ် ၂၀
၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေးမြို့နယ်ရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကြီးကြပ်ရေး အဖွဲ့ဖွဲ့စည်း တာဝန်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက အမှာစကားပြောရာတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကို ကြေညာခဲ့ပြီး ရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ သတ်မှတ်ပုံစံဖြင့် လျှောက်ထားမှုအပေါ် မဲစာရင်းတွင်စာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း ပြင်ဆင်ခြင်း များကို တိကျမှန်ကန်စွာ ဆောင်ရွက်ပြီး ဒုတိယအကြိမ်(အောက်တိုဘာ)တွင်ကပ်ထား ကြေညာမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင် စာရင်း တိကျမှန်ကန် ရေး ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက မိမိတို့တာဝန်ကျကျေးရွာအုပ်စုများ ဆောင်ရွက်နေမှုများ တင်ပြဆွေးနွေးခဲ့ကြသည်။
ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် တွံတေးမြို့နယ်တွင် ကြီးကြပ်စစ်ဆေးရေး အဖွဲ့(၄)ဖွဲ့ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)