မိုးမိတ် ဩဂုတ် ၂၀
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲပေးခွင့်မဆုံးရှုံးစေရေး အတွက် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားကြိုးမာန်တက် ကြိုးစားဆောင်ရွက်သွားကြရန်နှင့် ပထမအကြိမ် မဲဆန္ဒရှင် စာရင်း ကြေညာထားရှိမှုတွင် လိုအပ်ချက်များ ရှိသည်ဖြစ်ရာ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ထပ်မံကြေငြာရာတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ၊ ပထမအကြိမ် မဲစာရင်း လိုအပ်ချက်များ ထပ်မံမဖြစ်ပေါ်ရေးနှင့် လိုအပ်ချက်များအပေါ် ပိုမိုပြည့်စုံစေရေး၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းမှုမရှိအောင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး ကြရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဒေါ်မြမြက ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာ ထား ရှိသည့် ၂၁ ရက်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြုစု ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင် ကျန်ရစ်မှု မရှိစေရေး အတွက် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့မှ ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး ဆောင် ရွက်မှု များအပေါ် ဆွေးနွေးပြေကြားခဲ့ပြီး မိုးမိတ်ခရိုင်အတွင်း ပထမအကြိမ်မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေငြာသည့် မဲဆန္ဒရှင်စာရင်း (၇၉၀၆၆) ဦးရှိရာ လာရောက် ကြည့်ရှုသူ (၃၃၂၃၈) ဦးရှိပြီး ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းသူ (၁၅၈၄) ဦး ၊ ပုံစံ(၄)ဖြင့် ကန့်ကွက် သူ (၈၆၆)ဦး ၊ ပုံစံ(၄)ဂနှင့်ပြင်ဆင်သူ (၄၉၂) ရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ခိုင်ဝင်း က ပြောကြားခဲ့သည်။
မိုးမိတ်သား(စည်သူဌေး)